Thursday, 29 May 2014

ဆင်ခြင်တုံတရားဟာ မိုင်းနက် ( _ ) ၇၅ % နှုန်း



ဒီကဗျာဟာ  ရေဆုံးရေဖျားထိဖြစ်တယ်
မသမာမှုတွေကြောင့် ပျ က်ကျ ပျောက်ဆုံးသွားမှာ မဟုတ်ဘူး
တိုက်ခိုက်ခြင်းတွေအတွက်
ယဉ်ကျေးမှုများ မိုင်းနက် ( _ ) ပြလာတာတော့ ဝမ်းနည်းစရာ

စီးနေတဲ့မြင်းထက်
ကိုယ့်ကိုယ်ကို အထီး / အမ မကွဲပြားရင်
ဟိုး အနောက်က တသီတစ်တန်းကြီးအတွက်
ရင်လေးနေရုံပေါ့

ပွင့်လင်းလာတယ်ဆိုတာ
တစ်ယောက်မကျ န်စိုစွတ်သွားစေတဲ့
အကွဲအပြဲခေါင်တွေလား

တိုတက်တယ်ဆိုတာ
တက်တိုးပြီး တောင်းဆိုနေရုံလား

ခေါင်းဝင်လို့ ကိုယ်ဆန့်လာတဲ့ ရိုင်းပြမှုတွေဟာ
မိုးဦးကျ မှုန်တိုင်းလို
သော့သွမ်းရူးသွတ်ခြင်းတွေ အစွန်းရောက်ခဲ့

အပူချိ န်ဒီဂရီ လွန်ကဲမြင့်တက်လာတဲ့အခါ
အသက်ပေါင်းမျာစွာအတွက် စိုရိမ်ရတယ်

အအေးဓါတ်လွန်ကဲ သိပ်သည်းလာတဲ့အခါ
အသက်ပေါင်းများစွာအတွက် စိုးရိမ်ရတယ်

မြစ်တွေ ချောင်းတွေ စိုးရိမ်ရေမှတ် ရောက်တဲ့အခါ
အသက်ပေါင်းများစွာအတွက် စိုးရိမ်ရတယ်

အုတ်မြစ်မခိုင်တဲ့ ထပ်မြင့်တိုက်တွေ ယိုင်နဲ့နစ်ကျွံလာတဲ့အခါ
အသက်ပေါင်းများစွာအတွက် စိုးရိမ်ရတယ်

လက်ဝါးအကြီးကြီးတွေနဲ့ စီးပွားရေးသမားတွေ
အာဏာရောင်းဝယ်လာတဲ့အခါ
အသက်ပေါင်းများစွာအတွက် စိုးရိမ်ရတယ်

ဆန်းသစ်တီထွင်မှုတွေ အထိမ်းအကွပ်မဲ့ များပြားလာတဲ့အခါ
ယဉ်ကျေးမှုအငွေ့အသက်များစွာအတွက် စိုးရိမ်ရတယ်

ပဋိပက္ခတွေ လက်နက်ကြီး / ငယ်ဖြစ်လာတဲ့အခါ
အသက်ပေါင်းများစွာအတွက် စိုးရိမ်ရတယ်

အသက်ပေါင်းများစွာ ဆုံးရှုံးလာတဲ့အခါ
တိုင်းပြည်အတွက် စိုးရိမ်ရတယ်

စိုးရိမ်စရာတွေများလာတဲ့အခါ
ငြိမ်းချ မ်းမှုတွေအတွက် စိုးရိမ်ရတယ်

စိုးရိမ်ရတယ်
စိုးရိမ်ရတယ်
စိုးရိမ်ရတယ်
ငြိမ်း  ချမ်း  မှုတွေအတွက် စိုးရိမ်ရတယ်         ။           ။




                                                                            ဟိန်းစံ ( ပဲခူး )






No comments:

Post a Comment