မသာတော်နေ့များ
===========
သမ္မာသမ္ဗုဒ္ဓ ပစ္စေကဗုဒ္ဓ တွေဆိုရင် ပရိနိမ္ဗာန်ပြုတယ်
ရဟန္တာများကျတော့ ခန္ဓာဝန်ချတယ်
အချို့ ကတော့ပရိနိမ္ဗာန်ပြုတယ်လို့ပဲသုံးတယ်
သမ္မုတိသံဃာများကတော့ ဘဝနတ်ထံပျံတော်မူတယ်ဆိုပဲ
ရှင်ဘုရင် မိဖုရားနှင့်ဆွေတော်မျိုးတော်များသေတော့
ကံတော်ကုန်တယ်/အနိစ္စရောက်တယ်
ရဟန်းဘတော်/မယ်တော်များကျပြန်တော့
ဘတော်ပျံ/မယ်တော်ပျံတဲ့
ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုးအတွက်
မိမိတို့အသက်ကိုပေးဆပ်သူတွေ/သူရဲကောင်းတွေကိုတော့ ကျဆုံးတယ်
အခု ငါတို့ရဲ့ GZ တွေဟာ သူရဲကောင်းတွေဖြစ်တယ်
ငါတို့ရဲ့ ကျဆုံးသွားတဲ့ GZ တိုင်း
ဒီမိုကရေစီသူရဲကောင်းဗိမာန်နှင့်ထိုက်တန်သူတွေဖြစ်တယ်
သူတို့ရဲ့ ကျဆုံးခြင်းတွေအချီးနှီးမဖြစ်ဖို့သစ္စာပြုကြပါ။ ။
ဟိန်းစံ(ပဲခူး)
No comments:
Post a Comment