Tuesday, 23 July 2013
တောရမြတ်မထေရ် ရနံ့ထုံသည်
တောရနွယ် ဂိုဏ်းအစ
ပဓာန ပေါ်လွင် ။
ဘုန်းတော်ကြီး ဦးသီလ
ထွန်းပထေရ်ရှင် ။
ရဟန္တာ ဂုဏ်ကျော်ထင်
သမိုင်းတင် စာရှိမြဲ ။
ခန္ဓာဝင် ချုပ်ကာသိမ်းလို့
ငြိမ်းခဲ့ပြီပဲ ။ ။
အေးငြိမ်းခဲ့ ထေရ်မဟာ
မြတ်ဂုဏာ ပုံဖော်လွှမ်း
တမ်းမဝပါ ။
ရာပြည့်တဲ့ ခုချိန်မှာ
ပေါင်းစုကာ ရွှင်ကြည်နူး ။
စာပန်းချီ တောရသွေးကို
ရေးလို့သီကျူး ။ ။
သီကျူးခဲ့ စာပန်းခိုင်
သင်းလှိုင်ထုံ မှုန်ရနံ့
ဘုန်းပျံ့လို့ကြိုင် ။
ပူဇော်မှု စာဂနိုင်
တစ်နိုင်ဝင်သီကုံး ။
အရည ဂုဏ်လျှံမွှေးတယ်
ရေးဖွဲ့မဆုံး ။ ။
( ဘုန်းတော်ကြီး ဦးသီလ ခန္ဓာဝန်ချ နှစ် ( ၁၀၀ ) ပြည့်ပွဲ အထိမ်းအမှတ် )
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment