Saturday, 17 January 2015

နတ်မောက်ကစ၍ ရန်ကုန်မှာဆုံးတယ်





မြန်မာ့သမိုင်းရဲ့ အုတ်မြစ်တစ်ခု
သူ့ကို အတိတ်လို့ပြောရင် ငြင်းမလား
သူ့ကို ပစ္စု ပ္ပန်လို့ပြောရင် ငြင်းမလား
သူ့ကို အနာဂတ်လို့ပြောရင် ငြင်းမလား
ကာလသုံပါးလုံးရဲ့ ဂုဏ်ပုဒ်
မြန်မာပြည်အတွက် ပြယုဂ်ပဲလေ

သူ ပြန်ရှာပေးခဲ့တဲ့ အချု ပ်အခြာ
သူ ပြန်ရှာပေးခဲ့တဲ့ ရတနာ
သူ ပြန်ရှာပေးခဲ့တဲ့ အမွေ
ငါတို့အတွက် တန်ဖိုးဖြတ်လို့မရဘူး

အဲဒီ တန်ဖိုးတွေကြောင့်ပဲ
သူ့ရဲ့အသက်ကို လုပ်ကြံခံရတယ်
အဲဒီ တန်ဖိုးတွေကြောင့်ပဲ
သူ့ရဲ့ဂုဏ်ကို လုပ်ကြံခံရတယ်
အဲဒီ တန်ဖိုးတွေကြောင့်ပဲ
သူ့ပေးခဲ့တဲ့အမွေတွေကို လုပ်ကြံခံရတယ်
အခုနောက်ဆုံး
အဲဒီ တန်ဖိုးတွေကြောင့်ပဲ
သင်ရိုးညွှန်းတမ်းထဲက သူ့ရဲ့သမိုင်းကို လုပ်ကြံခံခဲ့ရတယ်

တကယ်ဆို သူဟာ မြန်မာပြည်ရဲ့ မီးရှူးတိုင်
တကယ်ဆို သူဟာ မြန်မာပြည်ရဲ့ ပြူ တင်းပေါက်
တကယ်ဆို သူဟာ မြန်မာပြည်ရဲ့
စိတ်ကျ န်းမာရေးအကောင်းဆုံးလူသား

သူဟာ နတ်မောက်က ခရီးစလို့
ကမ္ဘာအရပ်ရပ်ကိုရောက်တယ်
သူ့အလုပ်တွေမပြီးခင် ရန်ကုန်မြို့ မှာ ခရီးဆုံးတယ်
သူဟာ ငါတို့ကို ကာကွယ်ပေးခဲ့တာတွေများလည်း
ငါတို့က သူ့ကို နည်းနည်းလေးမှ မကာကွယ်ပေးနို င်ခဲ့ဘူး

ဒါ့ကြောင့်
မဟာဗန္ဓု လလမ်းမပေါ်မှာ ငါ့ခြေအစုံကိုရပ်
အတွင်းဝန်များရုံးရဲ့မြေမှာ ရဲရဲပွင့်ခဲ့တဲ့ အာဇာနည်ပန်းကိုမှန်း
ငါ့ဦးခေါင်းကိုညွှတ်လိုက်တယ်
လေးစားကြည်ညို ခြင်းတွေပြည့်လို့     ။        ။


                                                                                     ဟိန်းစံ ( ပဲခူး )



ဗိုလ်ချု ပ်အောင်ဆန်း  ရာပြည့် ဂါရဝပြု ကဗျာများ  တမူးကဗျာအဖွဲ့စာအုပ်တွင်  ဖော်ပြပြီး 

13 - 02 - 2015



No comments:

Post a Comment