Saturday, 14 March 2015

အတွေးမချော်နဲ့ ဂန္ထဝင်လေးဖော်




ကညွှတ်နွယ် မသေသေး
ဆိုရေးရှိ ဆိုပေါ့ကွာ ။
အွန်းလိုင်းမှာ ဟိုဒီချောင်း
စိတ်ဟောင်းကိုခွာ ။
ကဗျာဖြင့် နှုတ်ဆက်ပါ
မင်္ဂလာ အလွန်ရှိ ။
လင်းရောင်ခြည် စာပေဝိုင်းမှာ
သူရိုင်းနေ၏   ။   ။

ပုလောက စိုးနံ့သာ ။
သေနက်ကို ဘယ်မှာထား
အားနေလိုက်တာ ။
လောက်ကိုင်ရဲ့ ဝေဒနာ
မြန်မာရဲ့  ဒဏ်ရာပေါ့   ။
စာစီကာ ကာရံညှပ်
ရေးမှတ်လေတော့   ။      ။

တယောတစ်လက်နဲ့
တောထွက်မယ့်  ဟိုငနာ   ။
ဆွေးနွေးရာ ညှိနှိုင်းပွဲ
အမြဲမပါ ။
ရန်ဖြစ်တော့ သူရောက်လာ
ကာလနာ သညာဟီး ။
ကဗျာကို လက်နက်လုပ်တဲ့
လူယုတ်မာကြီး ။     ။

ငနှင်းငွေ နို့မပြတ်
ရေးစပ်တဲ့  စာကဗျာ   ။
လင်းရောင်ခြည် အဖွဲ့သားကို
အားလည်းမနာ ။
သေရွာက လွတ်လို့လာ
ခုအခါ နာလန်ထ ။
မြင်မြင်ရာ စာမချိုးနဲ့
ထိန်းဟဲ့ ဠဒ    ။    ။



                                                                 ဟိန်းစံ ( ပဲခူး )




No comments:

Post a Comment