Saturday, 14 November 2020
ခေတ်ပေါ်ကဗျာ
 လက်တွေ့  ဖိနပ်နှစ်ရံ
=============
လက်နက်နဲ့ပဲခြောက်ခြောက်
အတိတ်/အနာဂတ်နဲ့ပဲခြောက်ခြောက်
အကြောက်တရားဟာ
တန်းတူညီမျှရေးအတွက် ခလုတ်ဆူးငြောင့်ပဲ
သမိုင်းလည်းတွင်ပြီး သမိုင်းလည်းဝင်တဲ့အောက်ဖဲမှာနံပါတ်မရှိဘူး
၂၀၂၀ ဆိုတာ တစ်အိမ်လုံးကိုပြုပြင်ဖို့
အပြောမလွတ်သူနဲ့ အလွတ်မပြောသူနှစ်ယောက်လည်း
ကြိုးနီစနစ်ကို သုံးကြ
ယုံကြည်မှုကိုတွင်တွင်တည်ဆောက်ခိုင်းသူ ကိုယ်တိုင်
မယုံကြည်တတ်လို့တုံ့ဆိုင်းနေတဲ့ ဆွေးနွေးပွဲတွေ
မီဒီယာအသီးသီးမှာ ပြန်ကြည့်
ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေနဲ့
ပြည်နယ်အခြေခံဥပဒေ
သူမလျော့ ကိုယ်မလျော့တဲ့ပွဲ
စေ့စပ်လို့မရတဲ့ နိုင်ငံရေးပါကေး
အကွက်လန်းလန်း စကေးဆန်းတယ်
ဘာမဆိုလုပ်ရဲတဲ့ စိတ်ဓါတ်က သတ္တိမဟုတ်ဘူး ပျက်လုံး
ဠင်းဒလောက်ပဲလှတဲ့ငှက်လည်း ခမ်းခမ်းနားနားလုံလုံခြုံခြုံ
အဖာတစ်ရာပါးစပ်နဲ့ ဟိုလူတွေ ၂၀၂၁ မှာဝန်ကြီးဝန်လေးဖြစ်ရေး
အရစိုးတဲ့ အစိုးရကျင့်စဉ်ထဲ
ထောက်လုံး ခြောက်လုံးပစ်လို့ ရေလွတ်မီးလွတ်ခဲ့
၁၂၄ ကိုကြောက်လို့ ကြည်ကြည်ညိုညို
ဆွမ်း ပန်း ရေချမ်းနဲ့ ပူဇော်ပြီးပြီ
မဲအလှူတော်ပေးသူ အမျိုးတွေအတွက်
ရေစက်ချပါ အမျှဝေပါ သာဓုရဲရဲခေါ်ပါ
ကျွတ် ကျွတ် မကျွတ် ကျွတ် ဖွတ်မဖြစ်ချင်တဲဆန္ဒ
ဖိနပ်နှစ်ရံကိုရွေး အပြေးသန်ဖို့ ကြိုးစား
သတင်းဌာနတွေက ဒီမြင်ကွင်းကို
လက်တွေ့ မြေပြင်အခြေအနေလို့ ခုချိန်ရေးပြီး
နောင် နှစ်ငါးဆယ်/တစ်ရာကြာတဲ့အခါ
ရှေး/အတိတ်/သမိုင်း/သင်္ခန်းစာ တစ်ခုခုရေးကြ ပြောကြမယ်
ခင်ဗျားတို့ ကျုပ်တို့ကတော့ 
ရေဆေး ဆီဆေးတစ်မျိုးမျိုးပေါ့   ။      ။
ဟိန်းစံ(ပဲခူး)
၁၄-၁၁-၂၀၂၀
No comments:
Post a Comment