Saturday, 17 January 2015

မေမေနှင့် ကျွန်တော့်ကြား



သားလား ကျားလားမသိ
သမီးလား မီးလားမသိ
နေ့စဉ် သင်္ချိုင်းကိုအကြိမ်များစွာကြည့်ရင်း
ချ စ်ခဲ့  မျှော်လင့်ခဲ့  မြတ်နိုးခဲ့    ။

ကျွန်တော်ကတော့
အမေ့ရဲ့သွေးကို  နို့အဖြစ်သောက်စို့
မျ က်မှန်းတန်းမိမှ
ချ စ်တတ်  မြတ်နိုးတတ်  မျှော်လင့်တတ်   ။

မြီးရှင်နဲ့မြီးစားအသွင်
အသက်လေးဆယ်ကျော်အရွယ်အထိ
သွေးကြောထဲ
နို့ချိုရည်တွေ  စီးဆဲ  ဆင်းဆဲ  
သားသမီးကျ င့်ဝတ်ဟာ
ကျောဖုံးမှာထားတဲ့  ဆုံးမသတိပေးစာ
ကျွန်တော်  မေ့နေခဲ့တာကြာပေါ့    ။

မေမေ ခင်ဗျာ
ဒီအမည်နဲ့  ဒီစာမျ က်နှာမှာ
ဒီသားဆီတင်နေတဲ့  မေတ္တာအကြွေးများ
အတိုးနှုန်းပါးပါးဖြင့်  ရေးမှတ်ထားပါသည်
သားပြန်ရောက်တဲ့အခါ
ကျေ သရွေ့ဆပ်မည့်အကြောင်း      ။         ။



                                                                        ဟိန်းစံ ( ပဲခူး )

ကမ္ဘာဦးလဝန်းနှင့် ခွာညို ရနံ့      အမေကဗျာများမှ
မန္တလေးအမေနေ့အထိမ်းအမှတ်  ကဗျာစာအုပ်တွင်ဖော်ပြပြီး




No comments:

Post a Comment