Tuesday, 23 July 2013
ဆန္ဒဆုမွန်
မြလှိုင်းရွှေခက် လယ်မြေထက်မှာ
ဖိတ်လက်ဝေလွင် သီးထွက်တင်တော့
လယ်ရှင်စိတ်ကူး ပွင့်လင်းဦးဝယ်
ကြည်နူးလှူလိုက်ဦးမယ်တဲ့ ။
ပဲပြောင်းနှမ်းဝါ သူ၏ယာ၌
လျှံဖြာဝေလွင် သီးထွက်တင်တော့
ယာရှင်စိတ်ကူး ပွင့်လင်းဦးဝယ်
ကြည်နူးလှူလိုက်ဦးမယ်တဲ့ ။
လယ်ရှင်ယာရှင် စိတ်ကူးယဉ်လို့
ပျော်ရွှင်တောင့်တ စဉ်ကြောင့်ကြလျက်
စွမ်းပြအားသွန် နိုင်ငံ့ဝန်နှင့်
ကိုယ်ဝန်ကိုယ့်ထမ်း ကိုယ့်အစွမ်းနှင့်
ကိုယ့်ဝမ်းကိုယ်ဖြည့် ပြည့်ဝမ်းဖြည့်နှင့်
နေ့နေ့ညည ကြိုးပမ်းကြသည်
စံပြတွေ့ရ တာရှည်ခရီး ။
ဆန္ဒပြည့်ဝ ပါစေသတည်း ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment