လာပါလှည့်လေ မြန်မာ့မြေမှ
ဖော်ရွေကျွေးမွေး နှုတ်ဆက်တေးနှင့်
နွေးထွေးလက်ကမ်းပါသော်လည်း ။
မတော်မတရား စိတ်ယုတ်ထားလျက်
တို့များပိုင်မြေ သင်လာလေက
ဖော်ရွေဖို့ဝေး မကျွေးမွေးချင်
ချိုတေးမဆက် နွေးထွေးလက်လည်း
ကမ်းဖို့ခဲစွ ရင်ထဲမြိုက်ကျွမ်း
ကြင်နာခန်းလို့ ဝမ်းတွင်မသို
နှုတ်ဖွင့်ဆိုမည်
သင့်ကိုအလိုမရှိ ဓါးကိုကြည့် ။ ။
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment