ငယ်သူငယ်ဟန် ငယ်သူ့မာန်နှင့်
ဟန်ပန်ကိုစွဲ သွက်လက်မြဲမို့
ရုပ်လည်းနုပျို စိတ်နုပျို၍
ရွှင်ချိုသူ့သွင် ပျော်နေစဉ် ။
ကြီးသူကြီးဟန် ကြီးသူ့မာန်နှင့်
ဟန်ပန်ကိုစွဲ လေးလံမြဲမို့
ရုပ်လည်းအိုဇာ စိတ်အိုဇာ၍
ငါ့မှာရင့်ရော် နေမပျော် ။
ထို့ကြောင့်သာပ
အသက်နှစ်လ ရွယ်တူမျှလည်း
ငါကအိုဇာ သူ့မှာနုပျို
အကြောင်းကိုရာ တွေ့ခဲ့ပါပြီ
နောင်လာသူများ သိစေသား ။ ။
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment