Tuesday, 23 July 2013
အပြုံးဝေဆာ သာခဲ့ပြီ
သားအရွယ်ငယ်စဉ်
မိခင်ကသေဆုံး ။
မိမေတ္တာ ပြန်မရ
ပထမရှုံး ။ ။
သားဘဝ လူမမယ်
ဖခင်ရယ်သေဆုံး ။
ဖမေတ္တာ ပြန်မရ
ဒုတိယရှုံး ။ ။
အနန္တငါးရိပ်တွင်
မိဘရိပ်ကွယ်ဆုံး ။
ဖြေမနိုင် ဆယ်မရ
အကြီးကျယ်ရှုံး ။ ။
အရှုံးများ ပြွတ်သိပ်တင်
နာကျင်ဖွယ်ကံသုဉ်း ။
ကျေးဇူးပြန် ဆပ်ခွင့်မဲ့
ထပ်ခဲ့အရှုံး ။ ။
ခုအခါတွင်
ငယ်စဉ်က အရှုံးများ
ကြိုးစားလို့ ဆပ်ခွင့်ကြုံ ။
ပွါးကုသိုလ် ဒါနဦးနှင့်
ရည်စူးပြုပုံ ။
အနန္တ မိဘဂုဏ်
ယုံကြည့်ကာ အမျှပေး ။
ပြုံးဝေဆာ သားဘဝ
ရခဲ့ပြီလေး ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment