Tuesday, 23 July 2013
အမျိုးသားတာဝန်
မြန်မာဟူသည် ဖြူစင်နှစ်လို
ခွန်းဟချိုလည်း ပင်ကိုယ်ရှိမာန်
ထိမခံတတ် တုန့်ပြန်လက်ဖြင့်
ငဲ့ကွက်မှုကင်း ခုခံပြင်းသည်
ထင်လင်းသက်သေ ရှိခဲ့၏ ။
ပြန်ပြောင်းသိလေ
မြန်မာ့မြေ၌ ထီးမွေနန်းရိပ်
ပျက်သုဉ်းဆိတ်စေ ကြံဆောင်လေ၍
မြေခြားနယ်ချဲ့ ကြူးကျော်ခဲ့၍
မင်းမဲ့မြန်ပြည် သိမ်းပိုက်ရည်၍
လော်လီမွှေနှောက် ချုပ်ချာပျောက်လို့
သူ့ကျွန်အောက်သို့ ရောက်ခဲ့သည် ။
ထိုရောအခါ တို့မြန်မာတို့
ရင်မှာနာကျင် တွန်းလှန်ချင်လည်း
အားအင်လက်နက် ကွာခြားချက်ကြောင့်
တက်ခေါက်အံတင်း စည်းရုံးရင်းဖြင့်
သွေးချင်းယှဉ်ရပ် ကျောချင်းကပ်၍
ရပ်ရပ်သေနင် စစ်ကိုဆင်သည်
ပြန်မြင်အတိတ် နှောင်းပုံရိပ် ။
သည့်နောက်တစ်ဖန် ဇာတိမာန်နှင့်
ပြင်းထန်ထိုးစစ် ကျစ်ကျစ်ယှက်နှောင်
တို့ပြည်ထောင်ဖွား ညီနောင်များ၏
သွေးသားအသက် များစွာဆက်၍
သူ့လက်အောက်မှ လွတ်မြောက်ရရေး
အားအင်ထွေးလို့ မနှေးတွန်းလှန်
လွတ်လပ်ပြန်သည်
အမှန်တို့ပြည် ကြည်လင်ခဲ့ ။
လွတ်လပ်ပြီဟေ့ ကြွေးကျော်မွေ့လို့
နေ့မြတ်ပိုင်ဆိုင် ပြည့်မဏ္ဍိုင်ကို
မြဲခိုင်တန့်တည် တိုးပွားစည်ရေး
ပြည့်အရေးလျှင် ငါတို့ရင်မှာ
အစဉ်ကြီးစိုး ဆထက်တိုးလို့
ကြိုးစားရွက်ချွန် မြတ်စိတ်မွန်ဖြင့်
တာဝန်လည်းရှိ
တာဝန်သိလေ ပြည့်ဝန်တွေ ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment