Tuesday, 23 July 2013
စာဆိုတော်နေ့
သဇင်ခက်
ပင်ထက်မှာ ဝေပြန်တော့
ဦးမော့လို့ အတွေးဝင်
တိတ်ရခင်ပြန်ပြောင်း ။
ရှင်မဟာသီလဝံသ
ရှင်မဟာရဋ္ဌသာရတို့လို
မြတ်လှတဲ့ရဟန်းကျော်
စာဆိုတော်အပေါင်း ။
ဦးစခေါ်
ထူးလှသော်မြဝတီမင်းရယ်နှင့်
လက်ဝဲမည်မတ်သုန္ဒရ
တစ်ဂုဏ်ထင်နတ်ရှင်မင်းတို့လို
ခေတ်လင်းချိန်စာဆိုများကိုလ
မခြားကွယ်တမ်းတကြောင်း
ထပ်လောင်းလို့သီရေး ။
နုသစ်စွာသီ
ပြုလစ်ခါတော်မီမို့
စစ်သည်စာဆိုတော်နှင့်
ရဟန်းကျော်ကဝိအပေါင်းကိုဖြင့်
အဟောင်းမခံစိတ်မှာသစ်ပါရဲ့
ကဗျာချိုစာတိုစပ်လို့ရယ်ကွယ်
လွမ်းအပ်ဆိုတေး ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment