Wednesday, 17 July 2013
အသွင်ပြောင်းလမ်းမှာချိတ်ထားရန်
အမျိုးချစ်ရင်ပေါ့
သူခိုးတော့ မဖြစ်စေချင် ။
မြန်မာတွေ အခွင့်ရေးကို
တွေးချင့်လို့ပင် ။
ဓါးရိုးတို့ ကမ်းမယ်ပြင်
ဘာကိုခင် ဘာကိုမှန်း ။
အချိန်ကုန် ဟန်မလုပ်
အားထုတ်ဖို့လှမ်း ။ ။
အက္ခရာ ပေတစ်ဖွဲ့နဲ့
ကမ်းပေးတဲ့ ဒီကဗျာ ။
ကြွေးကျော်လာ စကားဟောင်းကို
ပြန်ပြောင်းသိသာ ။
လုပ်စရာ့ အစုံပါ
လုပ်သင့်တာ တကယ်များ ။
လုပ်ချင်တာ သူလေလုပ်လို့
မလုပ်လို ဟိုဒီတွက်ခါ
ကွယ်
လှည့်ထွက်ပြီလား ။ ။
ပင်ကိုယ်ရောင် အဝါဖက်တော့
ရော်ရွက်တို့ အဖြစ်မြန် ။
ဆေးမခိုင် အရောင်လွင့်
နှောင်းခွင့်မကျန် ။
ပင့်သက်တို့ စုံအဆန်
ဘယ်ကံကို ဘယ်လိုရေး ။
အသစ်မှာ အဟောင်းထပ်
စိတ်ဓါတ်နဲ့ဝေး ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment