“ မေတ္တာပန်း ”
ပိတောက်ပန်းတွေ နွေရောက်လေမှ
ဝေစီဖူးပွင့် ရနံ့ဝင့်သည် ။
ခတ္တာပန်းတွေ မိုးရောက်လေမှ
ဝေစီဖူးပွင့် ရနံ့ဝင့်သည် ။
သဇင်ပန်းတွေ ဆောင်းရောက်လေမှ
ဝေစီဖူးပွင့် ရနံ့ဝင့်သည် ။
ရာသီကိုလိုက် ပန်းနန်းထိုက်တွေ
ပျော်ပိုက်ဖူးပွင့် ရနံ့ဝင့်လည်း.........။
သူငယ်ချင်းတွက် ကိုယ့်ရင်ထက်မှာ
မပျက်ပွင့်လန်း မေတ္တာပန်းသည်
မနွမ်းမကြွေ အမြဲဝေလျက်
နွေရယ် မိုး ဆောင်း ရာသီပြောင်းလည်း
မဟောင်းရစ်နွယ် သင်းပျံ့ကြွယ်မည်
ဆယ်ကမ္ဘာမက သူငယ်ချင်း ။ ။
No comments:
Post a Comment