“ တန်ဖိုးရှိတဲ့ အချိန် ”
အဓိပ္ပါယ်နဲ့ စကားရပ်
တစ်ထပ်တည်း မကျသရွေ့
ငါတို့
စာလုံးပေါင်း မှားနေသေးတယ်လို့ သိရမှာ ။
အခုဆို
နိုင်ငံတကာမှာ
မပွားစီးပေမယ့်
အားကြီးနေတာက
အတားအစီးတွေကို တုန့်ပြန်ဖို့တဲ့ ။
ကိုယ့်ဝမ်းနာလို့မှ
ကိုယ်တိုင် မသိယောင်ဆောင်နေတဲ့ဟာ
ဆေးရှိပေမယ့်
အနာမသိတွေဖြစ်ကုန်ပြီ ။
ပိန်မသာ လိမ်မသာဆိုဦးတော့
အချိန်ကြာနေတာလည်း
အရင်းအနှီးကြီးတယ် ။
လုပ်ဇာတ်ကို အဟုတ်မှတ်ရင်း
ရုပ်ဖျက်ထားတာများ
အစွယ်ငေါငေါနဲ့
ခေါင်းစိမ်းတွေမှန်း
မသိကြပြန်ဘူး ။
ကဲ...
ဇာတ်ပေါင်းသော် ဆိုတဲ့အခန်းမှာ
ငါးရာ့ငါးဆယ် နိပါတ်က
အလောင်းတော်ရဲ့ နိဂုံးလို
အားကျ ကျေနပ် အတုယူစရာတွေ ရှိပါ့မလား...?
တကယ်ဆို
ငါတို့ တစ်တွေရဲ့ လက်တွေ
စာလုံးပေါင်းမှန်ဖို့
အချိန်တန်ပြီ ။ ။
အတွဲ ( ၁ ) အမှတ် ( ၈ ) သတင်းကွန်ယက်ဂျာနယ် မလေးရှားတွင်ဖော်ပြပြီး
ဒါလေး ကြိုက်တယ်ဗျာ။
ReplyDelete