Monday, 5 March 2012

ကဗျာ

              “ ပြဒါးရှိ မှန် ”

ညွှတ်ဖို့ ကွေးဖို့ထက်
ခင်းဖို့ နင်းဖို့ကို
ကြိုးစားနေသူတွေ  ။

ကျေးဇူးပြုတယ် ကျေးဇူးပြုတယ်နဲ့
ကျေးဇူးကို လုလုသွားကြတာများ
သူတို့ကိုယ် သူတို့
စေတနာရှင်ကြီးတွေဖြစ်လို့...။

မငဲ့ မသနားပဲ
လှည့်စားတတ်ဖို့အတွက်
အပြုံးတုတွေတပ်ဆင်ထားတာများ
သူတို့ရဲ့ ပါးစပ်ဖျားမှာ
သွားရည်တွေ ရေတံခွန်လို စီးဆင်းနေပြန်ရော...။

ဟုတ်တယ်...
ရေခြားမြေခြား နိုင်ငံခြားမှာ
တစ်နိုင်ငံတည်းကလာပြီး
ငွေရှာကြတာချင်းအတူတူ
မသိနားမလည်သေးသူတွေရဲ့ အားကို
သူတို့တွေရဲ့ စည်းစိမ်ချမ်းသာမှုအတွက်
ဘာ့ကြောင့် အစိတ်အပိုင်းဖြစ်စေချင်ကြတာပါလိမ့်...။

အဲဒါပဲလေ
သူတို့ရဲ့ ဟန်ဆောင်အပြုံးကြောင့်
အခြားသူရဲ့ ပြန်လောင်အပြုံးကို
ရန်ဆောင်ပြီး မုန်းမယ်ဆိုရင်လည်း
အမှားမသိသူအတွက်တော့
ပြဒါးရှိမှန်ဟာ  ရန်သူပါ  ။     ။


  အတွဲ  ( ၄ ) အမှတ် ( ၂၁ ) လမ်းသစ်ဂျာနယ် မလေးရှားတွင်ဖော်ပြပြီး

No comments:

Post a Comment