Tuesday, 10 April 2012

ကဗျာ

                                   “ ပုံသွင်း အိပ်မက် ”


အလှသက်သက်အတွက်
တောင်းမှာ အနားကွပ်တယ်ထင်ရင်
တံစက်မြိတ်အထိ
အမိုး မိုးစရာမလိုဘူး....။

ကျိုးတိုး ကျဲတဲအစီအစဉ်ဟာ
ပီပြင်တယ်ဆိုပါတော့
မိုးအလင်းရှိမယ့် ပရိတ်သက်ကို
ရေတွက်ရဦးမယ်....။

တစ်ပါးသူ တစ်ပါးသူ
တစ်ပါးသူတွေအတွက်လို့
အော်အော်နေတဲ့ မင်းတို့
အချင်းချင်းကြတော့
“ငါ ငါ ငါ ဆိုတဲ့ဝါဒ”စုစောင်းမှုများ
သိပ်သည်းလွန်းတယ်....။

ကဲ...
“ဗဟုဝါဒ”နှင့်အိပ်စက်ခြင်းမှ
မင်းတို့နိုးတဲ့အခါ
ကြည်လင်ခြင်းတွေတပ်ဆင်ပြီး
ဒီလုပ်ငန်းစဉ်အတွက်
“စနစ်ပြည့်”ဇယားကိုစွဲရအောင်  ။      ။

No comments:

Post a Comment