Saturday, 5 May 2012

ကဗျာ (ဒွေးချိုး-တွဲ)

                              “ အသွင်စစ် ”


အသီးမှာတစ်ရာ
အညှာမှာတစ်ခု  ။
မြန်မာ့စိတ် ဇာတိလှိုင်း
တိုင်းရင်းသားထု  ။   ။

မြေပြန့်နှင့် တောင်ပေါ်
တစ်မျှော် တစ်ခေါ်ဝေး  ။
အရေးကြုံ သွေးစည်းလို့
နီးကြပြီလေး  ။    ။


တိုင်းနှင့်ပြည်နယ်
ပေါကြွယ်တဲ့ ဓလေ့  ။
ကြုံလျှင် ဖလှယ်ကြ
လုံးဝမမေ့  ။    ။


စည်းလုံးခဲ့ ပုံအသွင်
ခုံမင်ကာ အလေးကဲ  ။
ပြည်ထောင်စု သွေးချင်းများ
အားပြနေဆဲ  ။    ။

No comments:

Post a Comment