Tuesday, 21 August 2012
စေတနာအမှန်ကြောင့်
ရွာဦးကစေတီ ။
ရှေးပဝေ ထီးတော်ဟောင်းနှင့်
အက်ကြောင်းပွေလီ ။
ဆည်းလည်းတို့ မပီ့တပီ
မချီပြီ သည်မြင်ကွင်း ။
ရွာလူစုံ စုကာဝေးလို့
ဆွေးနွေးကြခြင်း ။ ။
မိုးကောင်းလို့ သီးမြိုင်လျှင် ။
စွမ်းနိုင်ရာ ဆန္ဒအတိုင်း
ဝိုင်းလို့ပြုပြင် ။
အစည်းဝေး ဆုံးဖြတ်တွင်
ပျော်ရွှင်ဖွယ် ညီညွတ်ကြ ။
နောင်နှစ်ခါ ထီးတော်သစ်နှင့်
ပွဲဖြစ်မည်ပါ့ ။ ။
ဓိဋ္ဌာန်မှု သံပြိုင်ချို ။
မိုးလှိုင်ကာ သီးနှံထွက်
ဖြိုးလက်လက်ပို ။
စိတ်ရင်းတို့ ညီသကို
သည်ကုသိုလ် အံ့မခန်း ။
အမှန်ပင် ထီးတော်သစ်နှင့်
ပွဲဖြစ်လို့စွမ်း ။ ။
ဘုရားပွဲ သည်နှစ်သော် ။
ကုသိုလ်တော် ထွေထွေပ
ရေစက်ချပျော် ။
တန်ဆောင်းနှင့် ကန်ဟောင်းဖော်
ဇာတ်တော်စုံ ပုံချိတ်ဆွဲ ။
ရွာကုသိုလ် ဒါနခန်းကို
လွမ်းမေ့နိုင်ဘဲ ။ ။
ဟိန်းစံ(ပဲခူး)
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment