Friday, 28 December 2012
ဖိတ်ခေါ်ပါသည် တို့ဌာနီ
လာခဲ့ပါလေ ပဲခူးမြေမှ
ဖော်ရွေဆန္ဒ နှလုံးလှဖြင့်
တဖွဖွနော် ကြိုဖိတ်ခေါ်သည်
ရွှင်ပျော်မေ့ဘဲ ဘဝင်စွဲ ။
ထင်ပေါ်၍လည်း လာချင်မြဲ ။
တို့ဆွေသဟာ ရောက်ခဲ့ပါက
ဟံသာဝတီ ရွှေခေတ်ပြည်၏
သာဒီကေမ ၻာဇ ခံ့ထည္လွေသာ
ရာဇစံပျော် မင်းနန်းတော်နှင့်
သာယာတင့်ဟန် လိပ်ပြာကန်နှင့်
အားသန်စီးလစ် ပဲခူးမြစ်နှင့်
သွင်သစ်လေ့လာ ပျော်စရာ ။
ရင်နှစ်မွေ့စွာ ဖော်သဟာ ။
ထိုမှတစ်ဖန် ဖူးမျှော်ရန်တွက်
လက်ချင်းဆက်လို့ လှမ်းထွက်ပါသော်
စိန်သာလျောင်းမည် ရုပ်ပွားဆီမှ
ကြည်ရွှင်စုရုံး ဟင်္သာကုန်းသို့
အပြုံးချင်းဆုံ ညွတ်အာရုံနှင့်
ကြာမုံလက်ညီ ရုပ်သိမ်းချီလျက်
ခန္တီတန်ဆောင်း အရိပ်ကောင်းမှ
နှောင်းခေတ်ပြန်ပြော ရွှေမော်ဓောတွင်
သောကမတွေ့ ပါစေကြောင်း ။
သြချမမေ့ ဌာနေကောင်း ။
ဖူးရဦးမည် ကလျာဏီနှင့်
လေးလီရုပ်ပွါး မတ်ရပ်များနှင့်
နှစ်ပါးမြ ရွှေ သာလျောင်းတွေနှင့်
မွေတော်ကိန်းရာ ခံ့ထည်ဝါသည့်
မဟာစေတီ ဆုပန်ရည်ပြီး
ပြန်လည်မနှေး ရွှေဂူလေးမှ
ငြိမ်းအေးလျှံဖြိုး
ကိုးသိးန်းကိုးသန်း ပုထိုးတန်းတွင်
အဆန်းတကြယ် နွမ်းလျပြယ်မည်
ပြန့်ကြွယ်အလှ ဖြာတအား ။
အံ့ဖွယ်ခဏ ပါတကား ။
ထပ်၍ပို့ညွှန် ဖူးရမွန်ပေါ့
ကျိုက်ပွန်လေးဆူ မြတ်ရွှေဂူကြီး
တစ်ဆက်တည်းဗျ ဗုဒ္ဓဂယာ
သတ္တဌာဟု သာစွအတူ
ကြည်ညိုသူပေါ အနောက်တောတွင်
ပေါ်လွင်နည်းငြား စေတီများလျင်
များပြားရှိသေး ဖူးချင်သေးက
မနှေးပို့မည် စိတ်တွင်ရည် ။
အတွေးတို့ဆီ ဖိတ်ချင်သည် ။
ခရုလိုလူနှင့်အခြားကဗျာများမှ
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment