Saturday, 15 December 2012
ဟံသာဝတီ ဗုဒ္ဓဂယာ ဖူးကြမည်
ရာမညတိုင်းတဲ့
တလိုင်းကွဲ့ သုံးရပ်တွင် ။
ဟံသာဝတီ ပြည်ဌာန
သာစွပေါ်လွင် ။
ဗုဒ္ဓဂယာ ဖူးလိုလျင်
အဟုတ်ပင် လာပါလှည့် ။
ဓမ္မစေတိ ကုသိုလ်ထူးကို
ဖူးရမည်ကွဲ့ ။ ။
အိန္ဒိယ ဗုဒ္ဓမြေ
အခြေနေ ဘယ်မပေးလို့
သွားဖို့ မပြေ ။
မျှော်မြင်ခဲ့ မင်းမြတ်လေ
ဖူးစေလို ဆန္ဒအရင်း ။
မြန်မာ့မြေ ပြည်အတွင်းသို့
ဆောင်ကျင်းခဲ့ခြင်း ။ ။
မင်းမြတ်ရဲ့ ထိုအလှူ
အဆူဆူ ကျောက်စာများနှင့်
ထင်ရှားခဲ့မူ ။
သတ္တဌာန အတူတူ
ပင့်ဆောင်ယူ မြေမြတ်ပွား ။
နောက်လူတွေ ကုသိုလ်ဖြစ်ဖို့
တည်ရစ်လို့သွား ။ ။
ရောက်ပါသော် ဦးတော်ချ
ချမ်းမြမြ စိတ်ရွှင်ကြည် ။
ရည်ကုသိုလ် ဆန္ဒထူးနှင့်
ကြည်နူးလိမ့်မည် ။
ဆုထူးတို့ ပြည့်စေသည်
ထိုစေတီ ဂုဏ်တော်များ ။
အ့သြဖွယ် သာယာငြိမ်းလို့
ကိန်းခဲ့တကား ။ ။
ခရုလိုလူနှင့်အခြားကဗျာများမှ
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment