Sunday, 16 December 2012
သံလွင်မြစ်မှ
သံလွင်မြစ် ရေယာဉ်ကြော
စုန်မျောခဲ့ ချမ်းမြေ့စွာ ။
မြို့ချောင်းဆုံ ဦးတည်ပြီး
ခရီးထွက်လာ ။
သံလွင်မြစ် ဝဲနှင့်ယာ
ရှုလေရာမရိုး ။
စာပန်းချီ သီပါရ
စိတ်လှသူနိုး ။ ။
မဟာမြတ်မုနိ ကျိုက်သလ္လံ
ဦးခန္တီ ဦးဇိန
ဖူးရတစ်ဖန် ။
တောင်ပေါ်တန်း အဝေးဟန်
သွင်သဏ္ဌာန် ပန်းချီကား ။
မော်ရွှေမြိုင် မြို့အလှကို
ဝေးကခံစာ ။ ။
ဇက်ရေယာဉ် ငြိမ့်ငြိမ့်သွား
ဇင်ယော်များ လိုက်ပျော်ရွှင် ။
အစာကျွေးသူ မြူသရွေ့
တွေ့ရမည်ပင် ။
အစာမရ နောက်ချန်ချင်
လှိုင်းခွပ်တွင်ကျန်ခဲ့ ။
နောက်ရေယာဉ် အစာချ
မျှော်ကြသည်တဲ့ ။ ။
ဇင်ယော်တွေ အမြင်ပျောက်တော့
ဒီရေသောက် ဓနိပင်
မြင်ရသည်တွင် ။
နတတ်မော်ဆိပ် ကမ်းကပ်ဝင်
အတွေးမျှင်ချုပ်ငြိမ်း ။
မြစ်သံလွင် ပန်းချီတစ်ချပ်ကို
ရေးမှတ်လို့သိမ်း ။ ။
ခရုလိုလူနှင့်အခြားကဗျာများမှ
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment