Friday, 15 March 2013
ပစ္စက္ခ
ကျေးလက်နှင့်မြို့ ခရီးတို့တို
ရောက်ဖို့သွယ်လျား လမ်းတံတားနှင့်
တို့များချမ်းသာခဲ့ကြပြီ ။
ရထားနှင့်ကား သင်္ဘောများနှင့်
ရွာများမြို့နှံ့ ဝင်ထွက်ဆန့်လို့
ကြန့်ကြာခေတ်ဟောင်း နှောင်းခဲ့ပြီ ။
လယ်ယာသီးနှံ ထွက်တိုးလျှံဖို့
တမံဆည်ဆောက် လမ်းလည်းဖောက်လို့
ဖင့်ထောက်ကုန်စည် ပွင့်လင်းပြီ ။
တိုင်းရင်းဆွေသား ညီနောင်များလည်း
လက်များချိတ်ဆက် ရောင်းဝယ်ဖက်လို့
ရှေးထက်သွေးနီးခဲ့ကြပြီ ။
မြန်မာပြည်တွင်း
ချင်းရာအစုံ တိုးတက်ပုံကို
ဂုဏ်ယူဝင့်ကြွား နှလုံးသားဖြင့်
ဖွင့်ကြားစာစီ ကဗျာသီ၍
ပီတိခွန်းချို တေးချင်းဆိုသည်
လမ်းအိုသစ်၍ လှတကား ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment