သုမေဓာထုံး
ရွာအရှေ့ဖျား
ချောင်းတံတား
ပျက်သွားမရှိပြီ ။
ပျက်သည့်အစား
ပြန်ဆောက်ထား
ရွာသားပေါင်းစုတည် ။
သုမေဓာထုံး
ရည်နှလုံး
စုရုံးပြုံးရွှင်ကြည် ။
နိဗ္ဗာန်ဆိပ်ကူး
တံတားထူး
ကြည်နူးစိတ်ရွယ်ရည် ။
သွားလမ်းလည်းသာ
လာလမ်းသာ
မေတ္တာပို့သသည် ။
ပြန်ဆောက်အပြီး
စာကမ္ပည်း
မြည်ဟီးတောင်းဆုညီ ။ ။
ဟိန်းစံ ( ပဲခူး )
ဟုတ် ဖတ်သွားပါကြောင်း
ReplyDelete