Sunday, 7 April 2013
သက်ပြင်းထဲမှာ
ရောမကို ရောက်လို့
ရောမလို ကျင့်တာလား...
ရောမလိုကျင့်ချင်လို့
ရောမကို ရောက်လာတာလား...
ပင့်သက်ရှိုက်ရဖန်များတော့
ငါ့ရင်ဘက် တစ်ခုလုံး
ဒဏ်ရာတွေ အလေ့ကျပေါက်ပြန်ရော...။
ဒုနဲ့ဒေး
တောင်လိုပုံနေတဲ့ဇာတ်
နိုင်ငံခြားဆိုတဲ့ အရပ်မှာ
အလဲအထပ်တွေစုလို့...။
ကျဲမသွားဘူး
နည်း ( နဲ ) မသွားဘူး
တဖွဲဖွဲတိုးလာနေတဲ့သရုပ်
စာရိတ္တတွေ စုံးစုံးမြုတ်ပျောက်ရှ
ယဉ်ကျေးမှုတွေ ခဝါချကြပြီ...။
အင်း...သူတို့တွေ
ဘယ်နိုင်ငံကပါလိမ့်
သုံးစွဲတဲ့ ဘာသာစကား
ငါတို့နဲ့ အတူတူပဲထင်ပါ့....။
ဟုတ်တယ်...
ဟုတ်ပါတယ်
သူတို့တွေ သူတို့တွေဟာ
ငါတို့နိုင်ငံက လာခဲ့တဲ့ သူတွေ ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ဆုရ ကဗျာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment