Tuesday, 23 April 2013
အနည်ကျကျောက်
ဂုဏ်သိက္ခာတွေ အုတ်ဖိနပ်ဖြစ်သွားတဲ့ တိုက်
စာရိတ္တတွေ တာယာလုပ်ထားတဲ့ ကား
ကိုယ်ကျင့်သီလ အငွေ့တွေကင်းတဲ့ အစားအသောက်
မျိုးရိုး ဇာတိ စပ်မရတဲ့ အဝတ်အထည်
တစ်ပါးသူရဲ့ ချွေး ,မျက်ရည်တွေနဲ့ ပွတ်တိုက်ထားတဲ့ အဆင်တန်ဆာ
အဲဒီအရာတွေ သိုလှောင်ထားတဲ့လူ
တခဏ ခုံမင်ခြင်းမဟုတ်
တစ်ဘဝစာ တပ်မက်ခြင်းတွေနဲ့
သာယာခဲ့တဲ့ သံသရာထဲ
ယစ်မူးအတ္တများနှင့်နစ်မြုပ်
မျက်နှာဖုံးတွေ တစ်ခုပြီးတစ်ခု လုပ်လုပ်ပြီး အသုံးပြုနေပုံများ
အောက် ,အောက်ကဘုံမှာ အသားကျလို့
အနည် “ဘဝ” မထတော့တာ သေချာတယ် ။ ။
ဟိန်းစံ ( ပဲခူး )
အမှတ်(၈) နိုဝင်ဘာလ-၂၀၁၂ ရယ်စရာမဂ္ဂဇင်း တွင်ဖော်ပြပြီး
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment