Wednesday, 3 April 2013
ကဗျာရိပ်မှာ ခိုနေသူ
သူက ...
ကဗျာအပင်ကြီး
ကဗျာရွက်တွေဝေတယ်
ကဗျာအဖူးတွေဖူးတယ်
ကဗျာပန်းတွေပွင့်တယ်
ကဗျာအမြစ်နဲ့ ကဗျာအချစ်တွေခိုင်တယ်
ကဗျာရနံ့တွေလွှင့်တယ်
ကဗျာအပင်ကြီးအောက်
ကဗျာမလေးတစ်ယောက်ခိုလာတယ်
ကဗျာအပင်ကြီးက ကဗျာလိုပြောတယ်
ကဗျာနဲ့အတူ ကမ္ဘာဆုံးအထိချစ်မယ်
ကဗျာမလေးရဲ့ပါးမှာ ရှက်သွေးတွေ လွတ်လပ်ကာရန်လို ရဲကနဲ
ကဗျာအပင်ကြီးနဲ့ ကဗျာမလေးတို့ ရစ်သံတွေမှန်လာတယ်
ကဗျာအပင်ကြီးက အင်အားတွေပြည့်လာတယ်
ကဗျာအပင်ကြီးက ကဗျာကျုံးနဲ့ ကဗျာနန်းနဲ့
ကဗျာပလ္လင်မှာ ကဗျားထီးဆောင်းတယ်
ကဗျာမြို့ကို ကဗျာဒိုင်းနဲ့ကာတယ်
ကဗျာသွေး ကဗျာ့မာန်နဲ့ ကဗျာရှေ့တန်းကိုလျှောက်တယ်
ကဗျာအပင်ကြီးမှာ ကဗျာဆည်းလည်းလေးမြည်လာတယ်
ကဗျာအပင်ကြီးက ကဗျာမျိုးဆက်ကို ကဗျာရေးသလိုရေးတယ်
ကဗျာအရိပ်တွေချဲ့လာတယ်
ကဗျာနယ်နိမိတ်ဟာ တဖြည်းဖြည်း ကမ်းလွန်လမ်းလွန်
ကဗျာအပင်ကြီးက ကဗျာနက်ဆိပ်ကမ်းဖွင့်လိုက်တယ်
ကဗျာစိတ်ခံအပြည့်နဲ့ ...... ။ ။
3 - 4 - 2013 ရက်တွင်အမှတ်တရဖြစ်သော ကဗျာဆရာ မင်းနဒီခနှင့်ဇနီးတို့၏ လေးနှစ်ပြည့်
မင်္ဂလာလက်ဆောင်ကဗျာ ..........။
ဟိန်းစံ ( ပဲခူး )
4 - 4 - 2013
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment