Sunday, 7 April 2013
အိပ်မက်ရွက်ကြွေ နွေတဲ့လား
ရွက်ဝါမျက်ရည် မြူလည်းအီ၍
တွယ်မီပုခုံး ပိတောက်တုံးပေါ့
သက်လုံးမမေ့ တမြေ့မြေ့လေ
ငွေ့ငွေ့နွမ်းနွမ်း နွေစခန်းမှာ
လွမ်းတာလေးတွေ ပြောပြမယ် ။
နားစင်ချစ်သူ နွေအပူလည်း
ဆယ်ဆူကဲစေ လောင်မြိုက်ဝေ၍
နွေနေချင်းရှုပ် အနိုင်လုပ်လျင်
သရုပ်ပီပီ နိုင်မည်ထင်လား ။
စကားတီးတိုး လေပြည်နိုးလိမ့်
ရိုကျိုးအကြည့် ချစ်မိသည့်ဝန်
နစ်ကျွံသက်ဆင်း နွေလမင်းနှင့်
သက်ပြင်းချီချ ဘဝတစ်ဆစ်
ထားခဲ့ရစ်ရုံ
အချစ်စိမ်းစိမ်း နွေစိမ်းစိမ်းမှာ
ငြိမ်းခဲ့ပြီကော အိပ်မက်ရယ် ။
အိပ်မက်ငြိမ်းဖျောက် ခြေရာပျောက်သူ
သူ သူ သူပဲ မမေ့ရဲပါ
ရင်ထဲလျလျ တသသလျင်
ညညနေ့နေ့ စိတ်ကူးဝေ့သည်
အောင်းမေ့သက်ဆုံး ကဗျာကုံး
နှောင်းနေ့ရက်လုံး ထံတျာသုံး ။ ။
မောင်နိုင်လင်း ( ကောလင်း ) ဟိန်းစံ ( ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment