ငါ့ ခရီးပဲ
ငါ့ရိက္ခာနဲ့ငါပေါ့ ။
ငါ့ခြေလှမ်းတွေ ဦးတည်ထားတဲ့အရပ်မှာ
ငါ့ရဲ့ပန်းတိုင်ရှိတယ် ။
ငါ မောတဲ့အခါတိုင်း
တစ်ခဏဖြစ်ဖြစ်နားတယ် ။
ငါလျှောက်ခဲ့တဲ့လမ်းတိုင်းက
သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာအားလုံးကို
ငါဦးညွှတ်တယ် ။
ငါနားလည်ခဲ့တဲ့အရာတိုင်းကို
နံနက်ခင်းရောင်နီနဲ့အတူ ငါပါးလိုက်ချင်တယ် ။
သူတို့ကလေးတွေ
လင်းလင်းထင်းထင်းရောက်ဖို့ပေါ့ ။ ။
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment