ဘဝတွေကို အင်ဂျင်တပ်ပေးလိုက်ချိန်ကစတယ်
ကိုယ်တိုင်မောင်းတဲ့အခါမောင်းသလ
သူတစ်ပါးတွန်းလို့ရွေ့တဲ့အခါလည်
ပုံမှန်ဟုတ်သည်ဖြစ်စေ
ပုံမှန်မဟုတ်သည်ဖြစ်စေ
စက်တစ်ခုနဲ့ လမ်းတစ်ခုအထက်မှာတော့
အတ္တဟာ အတ္တအတိုင်း ငယ်ရာကကြီးကြီးလာနေကြ
ဖဝါးနဲ့မနာဘဲ နားနဲ့နာစေချင်တယ်
စိတ်နဲ့မဖတ်ဘဲ နှုတ်နဲ့ဖတ်စေချင်တယ်
ခင်ဗျားရဲ့မေတ္တာတွေ စွန့်ပစ်ပစ္စည်းမဖြစ်ဖို့
ခင်ဗျားကိုယ်တိုင်မှာတာဝန်ရှိတယ
ကဲ ဒီကနေ့ခင်ဗျားဟာ ဟိုတစ်နေ့က ဟိုလူလား
ဟိုတစ်နေ့က ဟိုလူဟာ ဒီကနေ့ခင်ဗျားလား
မနက်ဖြန်မှာကော ခင်ဗျာဟာဟိုလူလား
ခင်ဗျားဟာခင်ဗျားလား ခင်ဗျားဟာ ခင်ဗျားဟာ ... ။ ။
21 March 2014 ကမ္ဘာ့ကဗျာနေ့
ဟိန်းစံ ( ပဲခူး )
No comments:
Post a Comment