Thursday, 7 May 2015

အရွယ်ရောက်လာတဲ့ အတ္တ



အလွဲသုံးစားမှု ကျူးလွန်လို့ကောင်းတဲ့ အရပ်ဟာ
စေတနာ  ရင်ဘတ်လား
သံယောဇဉ် နှလုံးသားလား
သဲသဲကွဲကွဲ မသိတာကြာပြီ


ကျု ပ် ပုံပြင်နားမထောင်တော့ကြောင်း
ကျု ပ်ရဲ့ အိုင်ဒီကဒ်မှာကြည့်ပါ

ကျု ပ်မာနကို တံခါးလာမခေါက်ပါနဲ့
ဖဝါးလက်နှစ်လုံး
ပုခုံးလက်နှစ်သစ်က လွန်မြောက်လာတဲ့ ဒေါသ
ငယ်ထိပ်က ထွက်ကျ မလာဖို့
ရေငုံပြီး နှုတ်ပိတ်ထားတယ်


ကျု ပ်ထမင်း ကျု ပ်စားပြီး
ကျု ပ်ဝါသနာနဲ့ ကျု ပ်ဖူးပွင့်တယ်
တစ်ပါးသူ အစော်ကားခံဖို့
အများကြားကို ကျု ပ်ဘယ်တော့မှမလာဘူး

ငြိမ်းချ မ်းမှုဆိုတဲ့အရာမှာ
အစစပြည့်စုံနေတယ်လို့ ခင်ဗျားတို့ထင်လား
တစ်ယောက်တည်းဖြစ်ချ င်ဖြစ်မယ်
မြို့ ပြနဲ့ ဝေးချ င်ဝေးမယ်
ကျု ပ်က လူစစ်စစ်မို့ လူပါးဝတတ်တယ် ။     ။


                                                                      ဟိန်းစံ ( ပဲခူး )

No comments:

Post a Comment