Monday, 14 September 2020

ရိုးပျက်တော
========
သမာသမတ်ဆိုတဲ့ စကား
အခုလိုရာသီမှာ မဖြစ်ထွန်းဘူး
ငယ်ကျိုးငယ်နာ အနာဆိုး အနံ့ ဆိုးတဲ့ကာလ
အရယ်အပြုံးတွေ မလွတ်လပ်တဲ့ကာလ
မှန်မလိုဘဲ အခြားသူရဲ့ စိတ်ကိုမြင်ရတဲ့ ကာလ
ဒေဂျစ်တယ် ပလက်ဖောင်းမှာ လျှောက်တတ်ဖို့ တော့လိုတာပေါ့
မင်းကတိထက် ငါ့ကတိက ပိုဆိုးတယ်
ငါ့ ကတိကပိုဆိုးတယ်လို့ အော်ဆိုလိုက်ရင်
ငါ့ကို လိုက်ရိုက်ကြလေမလား
၂၁ ရာစုမှာ ကမ္ဘာဟာ ရွာကြီးဖြစ်သွားတာ
ငါ့ အတွက်ပိုကောင်းတယ်
ငါ ရွာအပြင်မရောက်တော့ဘူးလေ
သဘာဝအလျောက် လောင်တဲ့မီးကြောင့်
သြစတေးလျားတောကြီး အလှပျက်လည်းခနပဲ
ရိုးသားမှုပျက်စီးသွားတဲ့  ငါတို့ ပုထုဇင်တောကတော့
မင်းတစ်သက် ငါ့တစ်သက် ဂျနရေးရှင်းအဆက်ဆက်လောင်ပြီ
မင်း မယုံဘူးလား
ကျောက်ခေတ် သံခေတ် ကိုပြန်ကြည့်
အခု နျူးကလီးခေတ်ကွာ
မင်း သဘောပေါက်မှာပါ ။ ။
ဟိန်းစံ ( ပဲခူး )
 
 
 
 

 

No comments:

Post a Comment