Tuesday, 13 March 2012

ကဗျာ

                     “ ဘိုးဘွားအမွေ တို့စာပေ ”


ဘိုးဘွားတို့ အမွေ ။
တို့စာပေ တို့စကားနှင့်
တန်ခိုးတင့်စေ ။
ပြည့်ရင်နှစ် လက်ဆင့်ဝေ
စွမ်းဆောင်လေ တစ်တပ်တစ်အား ။
သွေးချင်းတွေ နိုးကြားစိတ်နဲ့
တိုးရိပ်ရိပ်ပွား ။    ။

တိုးတက်ခဲ့ တို့မြန်မာ ။
ရှေးစာဆို မိအဖ
မျိုးချခဲ့တာ ။
ဖိုးဖြတ်မရ ရတနာ
ကာကွယ်ကာ တို့ထိမ်းသိမ်း ။
ဆော်သြလို ညာသံပေး
တေးသံသို့ယိမ်း ။    ။

တေးသံချို စာအနု
သီပြုတဲ့ လက်နက်ပါ ။
ရှေးစာဆို ကလောင်သွား
လေးစားတတ်စွာ ။
ပြည့်ရင်နှစ် သေနင်္ဂါ
ကလောင်ဟာ လက်နက်တစ်ပါး ။
မြန်မာစာ မြန်မာစကားကို
ကမ္ဘာကြားအောင် ကလောင်ဝေတဲ့
ရှေးပဝေ စာဆိုမြတ်ရယ်
ပေးဆပ်နိုင်အား ။    ။

ပေးဆပ်ဖို့ စာဆင့်ခြွေ ။
ခေတ်ဟောင်းပေ စာကညစ်
ရွှေဖြစ်လို့နေ ။
ထိမ်းသိမ်းစို့ တို့တတွေ
ညီညာစေ လက်တွဲ ။
တို့တာဝန် တို့စွမ်းအားနဲ့
ခန့်ငြားဖို့ပဲ ။    ။

ခန့်ငြားဖို့ စိတ်ကြံညီ
ဓိဋ္ဌာန်ရည် စာတော်ပွဲ
နွှဲပျော်ကြသည် ။
ဘိုးဘွားတို့ အမွေမည်
ကမ္ဘာတည် ကြော်ကာကြွေး ။
ရှေးပဝေ စာဆိုမြတ်ကို
လွမ်းအပ်ဆိုတေး ။    ။




                                    စာနယ်ဇင်း “ စာပေဆုရ ” ကဗျာ


No comments:

Post a Comment