Monday, 19 March 2012

ကဗျာ

                        “ နေရာ ”


ကျောင်းဆရာအဖြစ်နဲ့
ကျောင်းပြောင်းခဲ့တာ မဟုတ်ဘူး...။

အဆင်ပြေလားဆိုတဲ့ မေးခွန်းအတွက်
ဘာတွေမှ ခြယ်သမထားတဲ့ အဖြေ
ငါ့ဆီမှာ ရှိတယ်...။

ရောက်နေတဲ့နိုင်ငံဟာ
မိခင်နိုင်ငံ မဟုတ်ဘူး
နေ နေတဲ့အိမ်ဟာ
အမေ့အိမ် မဟုတ်ဘူး...။

အဲတော့
တိုင်းတစ်ပါး ရောက်လာသူတိုင်းအတွက်
အခက်အခဲဆိုတာ
စတစ်တကျ ရှိနှင့်ပြီးသားတွေ...။

ဒုက္ခ ဒုက္ခလို့ အော်နေကြမယ့်အစား
ရုံးကြွ ဆုံးမကြဖို့
ကိုယ့်ရဲ့စိတ်ကို ကိုယ့်အရှေ့မှာထားသင့်တယ်...။

တကယ်ပဲ
အဲသလို လုပ်နိုင်ခဲ့ရင်
ခေတ်သစ်ကျွန်ဆိုတာ မရှိဘူး...။

တန်ရာတန်ကြေးဆိုတဲ့
အဖိုးအခကို ဝတ်
ကိုယ်ကျေနပ်လို့ ဖွင့်လှစ်လိုက်တဲ့
ဘဝတစ်ခေတ်ဟာ
အဲဒါ...နေရာအစစ်ဖြစ်တယ်.....။     ။


            ကဗျာဆရာ ရာဇာမျိုး(အင်းကုန်း)ရဲ့ မြန်မာပြည်ပြန် အမှတ်တရ

အတွဲ ( ၆ ) အမှတ် ( ၅ ) လမ်းသစ်ဂျာနယ် မလေးရှားတွင်ဖော်ပြပြီး......

No comments:

Post a Comment