Tuesday, 6 March 2012

“ ကြိုးပျက်ကလေးနှင့်စပ်ဆက်၍ ”


          ( ၁ )
                  ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နေသာတယ် ။ မိုးလေဝသ စကားလုံးတွေကို ငှါးရမ်းသုံးစွဲရရင် ကွာလာလမ်ပူနှင့်အနီးတစ်ဝိုက် တိမ်အ
သင့်အတင့် ဖြစ်ထွန်းမည်ဆိုတာမျိုးပေါ့ ။ နံနက်အိပ်ယာထပြီးတည်းက သတိထားမိတာ ။ မြို့ထဲရောက်တဲ့အထိ ကောင်းကင်ကို မြင်လို့ရမယ့်
နေရာရောက်တိုင်း မော့ကြည့်ဖြစ်တယ် ။ အရှိန်ယူပြီး တက်လာတဲ့ နေဝန်းကြီးရဲ့အရှေ့က တိမ်စိုင်တိမ်ခဲလေးတွေကလွဲရင် ရာသီဥတုကသာ
သာယာယာကို ရှိနေခဲ့တာ ။

                  အဲနေ့က ကျွန်တော် ကေအယ်လ်ကိုတက်လာခဲ့တာ အကြောင်းထူးတော့မရှိပါဘူး ။ ကျွန်တော့်အလုပ်က တနင်္ဂနွေနေ့တိုင်းနေ့
တစ်ဝက်နားရတယ်လေ ။ သူငယ်ချင်းတွေနဲ့များ တွေ့မလားဆိုတဲ့ အတွေးနဲ့ ကေအယ်လ်ကို တက်လာခဲ့တာ ။  ဘယ်သူနဲ့မှ  ကြိုချိန်းမထား
လို့ ဘယ်သူငယ်ချင်းနဲ့မှ မဆုံခဲ့ရပါဘူး ။ ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ ကိုတာရာယာ ရှော့ပင်းစင်တာထဲဝင်ခဲ့တယ် ။  အဝတ်အစားတန်း
အိမ်သုံးပစ္စည်းတန်း နေရာအနှံ့ ဟိုကိုင်ဒီကိုင် ကြည့်ပြီးပြန်ချ ။ ပြီးတော့အဲစင်တာကပြန်ထွက် ။ မိုင်ဒင်းရှော့ပင်းစင်တာထဲဝင်  သက်ကြီးပိုင်း
အသုံးအဆောင်တွေလိုက်ကြည့် ပြီးတော့ပြန်ထွက် ။ အဲလိုနဲ့ အခြားဆိုင်သေးသေးလေးတွေကိုလည်း ရှောက်ဝင်ကြည့်ခဲ့သေးတယ် ။  ဘာမှ
တော့  မဝယ်ဖြစ်ခဲ့ပါဘူး ။

                   အဲအချိန်မှာပဲ ဖုန်းထဲကို SMS ဝင်လာတယ် ။ မိမိဖုန်းထဲ ရင်းဂစ်သုံးဆယ်ကို ၂၅  ရက်စတင်ဘာမှ ၃၀ ရက်စတင်ဘာအတွင်း
ထပ်ထည့်ပါ ။ မိနစ်သုံးဆယ်စာ ဒီဂျီမှဒီဂျီ (ကိုယ်သုံးနေသော လိုင်းကဒ်အချင်းချင်း) အခမဲ့ပြောခွင့်ရှိတယ်တဲ့ ။ မယုံတော့ဘူး ။  ဒီဂျီက ဒါမျိုး
လုပ်ပေါင်းများပြီ ။ တစ်ခါအလိမ်ခံရရင်တော့ မသိလို့ လို့ပြောရမယ် ။ နှစ်ခါသုံးခါဆိုရင်တော့ ကိုယ်ညံ့လို့ပေါ့ ။  တဆက်တည်းဖုန်းကနာရီကို
ိုကြည့်မိတယ် ။ နည်းနည်းမှောင်လာပြီလို့ စိတ်ထဲထင်မိတာ ။ အချိန်က ညနေ (၆) နာရီတောင်ကျော်မှပဲ ။

                   ကျွန်တော် အိမ်ပြန်ဖို့ စိတ်ကူးနဲ့အတူ ပါစားစီးနီး U ဘက်စ်ကားဂိတ်ဘက် လျှောက်လာလိုက်တယ် ။ တရုတ်တန်းဈေးနား အီ
လက်ထရောနစ်ဆိုင် တစ်ဆိုင်ရှေ့အရောက် ကျွန်တော့်ခြေထောက်တွေ လေးလံတုံ့နှေးသွားတယ် ။ ကိုယ့်ရောဂါကိုယ် သိပါရဲ့ ။ ဆိုင်ထဲမှာပြ
ထားတဲ့ ကွန်ပျူတာတွေကို ကြည့်ချင်နေတာလေ ။ ဝယ်ချင်နေတာတော့ကြာပြီ ။ တော်ရုံစက်လေးတစ်လုံးအတွက် ရင်းဂစ် တစ်ထောင့်လေး
ငါးရာကို မစုဖြစ်နေတာ ။ ဘာပဲဖြစ်ဖြစ် ဝင်တော့ကြည့်လိုက်သေးတယ် ။ စက်အမျိုးအစား သုံးမျိုးလောက်နဲ့  အရောင်သုံးမျိုးလောက်တော့ရှိ
တယ် ။ ကြည့်ပြီးသွားပြန်ပြီ ။ ဝယ်မှမဝယ်နိုင်သေးတာ ခပ်တည်တည်ပဲ ပြန်ထွက်လာလိုက်တယ် ။

                                                                              (၂)
                    တရုတ်တန်းဈေးထဲအရောက် ဆိုင်တစ်ဆိုင်မှာ ကြိုးတွေချိတ်ဆွဲထားတာတွေ့တယ် ။ အရောင်တွေလည်းစုံတယ် ။  အမျိုးအ
စားလည်းစုံတယ် ။ ဘာရယ်မဟုတ်ဘူး ကျွန်တော်ဝယ်ချင်စိတ်ဖြစ်သွားတယ် ။ အစိမ်းရောင်လွင်လွင်ကြိုးတစ်ချောင်းကို ကျွန်တော်ယူလိုက်
တယ် ။ နိုင်လွန်အမျိုးအစားတော့ မဟုတ်ဘူး ။ ချည်အမျိုးအစားပဲ ။ သူ့နာမည်အတိအကျတော့ ကျွန်တော်လည်း မခေါ်တတ်ဘူး ။ အဲဒီကြိုး
ကလေးကိုပြုလုပ်ထားပုံကချည်မျှင်လေးတွေ ကျစ်ထားတဲ့ ကြိုးလုံးလေးတစ်ဆယ့်ငါးချောင်းလောက်ပါတယ် ။သေသပ်တယ်။လှပတယ်။စွဲဆောင်မှုရှိတယ် ။ အဲကြိုးလေးကိုကိုင်ပြီး“ဘယ်လောက်လဲ”လို့ကျွန်တော်မေးလိုက်တယ်။“ရှစ်ကျပ်”လို့  ရောင်းတဲ့ညီငယ်က  ပြန်ပြော
တယ်။“မရှော့တော့ဘူးလား”လို့ကျွန်တော်ထပ်မေးတော့ “အစ်ကိုယူမလား ခြောက်ကျပ်ပဲပေးခဲ့”လို့ချာတိတ်ကပြန်ပြောတယ် ။

                     ကျွန်တော်ကလည်း ကြိုးလေးကို သဘောကျနေတော့ ဈေးထပ်မစစ်တော့ဘူး ။ ပြီးတော့သူလည်းမြန်မာအလုပ်သမားပဲလေ
စကားတွေအများကြီးပြောရမှာ အားနာတယ် ။ ကိုယ်ချင်းလည်းစာတယ် ။ ဒါနဲ့ တရုတ်တန်းတစ်ဈေးလုံး မြန်မာတွေကြီးပဲလို့ပြောရင်ရတယ် ။
မွန်သွေးချင်းတွေကတော့  အများဆုံးပေါ့ ။ ကြိုးလည်းဝယ်ပြီးပြီ ။ ဒီတစ်ခါတော့ ကားဂိတ်ကိုတန်းတန်းရောက်မှဖြစ်တော့မယ် ။ အချိန်က ည
(၇)နာရီကျော်ခဲ့ပြီ ။

                     ပါစားစီးနီးကားဂိတ်မှာ ကားနည်းနည်းစောင့်လိုက်ရလို့ ကျွန်တော်နေတဲ့ ပီဂျေအိုးတောင်းက ကားဂိတ်ကိုရောက်တော့ ည
(၈) နာရီထိုးဖို့ (၅) မိနစ်လောက်ပဲလိုတော့တယ် ။ ကားဂိတ်နားက အင်ဒိုနီးရှားတွေရောင်းတဲ့ ထ္မင်းဆိုင်မှာ ထ္မင်းဝင်ဝယ်လိုက်တယ် ။ သူတို့
ချက်တဲ့ ဟင်းလျာတွေက တရုတ်ဆိုင်တွေထက်စာရင် မြန်မာပါးစပ်နဲ့ပိုအဆင်ပြေတယ် ။ အစပ်အဟပ်တည့်တယ်လို့ ပြောရင်ရတယ် ။ ပြီးသူ
တို့ရောင်းတာ ဈေးလည်းသက်သာတယ် ။

                      “ပြန်လာပြီလား” ထ္မင်းထုပ်ဆွဲပြီးဝင်လာတဲ့ ကျွန်တော့်ကို အိမ်မှာအတူနေတဲ့ လင်မယားကမေးတယ် ။ “အေး ပြန်လာပြီ”လို့
ကျွန်တော်ပြန်ဖြေလိုက်တယ် ။ သူတို့ရဲ့ မိတ်ဆွေအမျိုးသမီးတစ်ယောက်လည်း အိမ်မှာအလည်ရောက်နေတယ် ။သူတို့လင်မယား မိတ်ဆက်
ပေးလို့ ကျွန်တော်လည်း ဧည့်သည်ကိုနှုတ်ဆက် ထ္မင်းထုပ်ကို ထ္မင်းစား စားပွဲပေါ်တင်ပြီး ကိုယ့်ရဲ့အခန်းထဲကို ဝင်ခဲ့တယ် ။ အခန်းတံခါးပြန်
ပိတ်ရင်း တီဗွီကိုတစ်ချက်ကြည့်မိတယ် ။ သူတို့ကြည့်နေတာ “နာနီယာ”အပိုင်း(၃) လေ ။ အဲဒီဇာတ်လမ်းလေးက နယ်မြေတစ်ခုအတွင်းမှာနေ
ထိုင်သူအားလုံးနဲ့ သူတို့ရဲ့ မိတ်ဆွေကောင်းတွေက စည်းလုံးခြင်းတွေကို ပုံပြင်ဆန်ဆန် တင်ပြထားတယ် ။

                                                                             (၃)
                        ကျွန်တော်ဝယ်လာတဲ့ ကြိုးထုပ်လေးကို မွေ့ယာပေါ်ပစ်ချလိုက်တယ် ။  ခြေရင်းက  ပန်ကာဖွင့် ဖုန်းချာဂျင်ဖြည့် အပြင်ကို
ဝတ်သွားတဲ့ အဝတ်အစားတွေလဲပြီး မွေ့ယာပေါ် ကျွန်တော်ထိုင်လိုက်တယ် ။ စောစောကချထားတဲ့ ကြိုးကလေးကိုကိုင်ပြီး ကျွန်တော့်ရဲ့ အ
ခန်းကျဉ်းကလေးတစ်ခန်းလုံးကို သေသေချာချာပြန်ကြည့်ဖြစ်တယ် ။ ကျွန်တော် ခေါင်းရင်းပြုထားတဲ့နေရာမှာ ကြိုးကိုတန်းပြီး မျက်နှာသုပ်ပု
ဝါကို လှမ်းရကောင်းမလား..? ။ ဒါမှမဟုတ် ပန်ကာလွတ်နေတဲ့ မျက်နှာကျက်ကသံကွင်းမှာ တွဲလျားချထားပြီး ကောင်းကောင်းမခြောက်သေး
ပဲ သိမ်းခဲ့ရမယ့် အဝတ်တွေကို ချိတ်ဖို့သုံးရင်ကောင်းမလား...?  ကျွန်တော်စဉ်းစားနေမိတယ် ။

                       ကားဂိတ်ကနေ အိမ်ကိုလမ်းလျှောက်လိုက်ရလို့ စို့နေတဲ့ချွေးတိတ်သွားမှပဲ ကျွန်တော်ဆုံးဖြတ်ချက် ချမိတော့တယ် ။ မွေ့
ယာဘေးနံရံဘောင်က အသင့်ရှိနေတဲ့ သံချိတ်နှင့် ခေါင်းရင်းပြူတင်းပေါက်ဘောင်က သံငုတ်နဲ့တန်းပြီး မျက်နှာသုပ်ပုဝါပဲ လွှားဖို့ပေါ့ ။ မလုပ်
သေးဘဲထိုင်နေရင် အကြံနောက်တစ်မျိုးဖြစ်မှာစိုးလို့ ချက်ချင်းပဲထတန်းလိုက်တယ် ။ ပြူတင်းပေါက်ဘက်မှာ အရင်ချည်ပြီး မွေ့ယာဘေးက
နံရံမှာချည်ဖို့ နည်းနည်းတင်းတင်းဆွဲလိုက်တယ် ။ ထင်မထားမိဘူး ။ ကျွန်တော် လုံးဝထင်မထားမိဘူး ။ ကြိုးကလေးပျက်သွားတယ် ။ ကျွန်
တော်ဆွဲလိုက်တာ အားပါတယ်လို့ ပြောရရုံလောက်ပါပဲ ။ နှမြောမိတယ် ။ ကြိုးလေးကို ဝယ်ခဲ့ရတဲ့တန်ကြေးကိုမဟုတ်ဘူး ။ လှပတဲ့ ကြိုးလေး
ရဲ့ဒီဇိုင်းနဲ့ သူရဲ့ခံနိုင်ဝန် အရည်အသွေးကိုပါ ။

                      ခဏတော့  ကျွန်တော်လည်းငိုင်သွားတယ် ။ ပြီးမှ ပျက်သွားတဲ့ကြိုးလေးရဲ့ အစနှစ်စကိုပူးပြီး ပြန်ချည်လိုက်တယ်။ကြိုးရှည်
လေးတစ်ချောင်းတော့ ပြန်ဖြစ်လာတယ် ။ ဒါပေမယ့် ကြိုးလေးရဲ့ အလှကတော့ ပျက်သွားခဲ့ပြီ ။ မဖြောင့်တန်းတော့ဘူး ။  အစနှစ်ဘက်ရဲ့အ
လည်မှာ အထုံးကလေးပေါ်လာပြီ ။ မူလလောက်လည်း မရှည်တော့ဘူး ။ နည်းနည်းတိုသွားပြီ ။ ကျွန်တော် မွေ့ယာမှာပြန်ထိုင်လိုက်ပြီး ပြန်
ချည်ထားတဲ့ ကြိုးပျက်လေးကိုကြည့်ရင်း အတွေးတွေ သီတန်းသွားတယ် ။

                       ကြိုးလေးကို တီထွင်လိုက်တဲ့ ဒီဇိုင်းဆရာရဲ့လိုအပ်ချက်လား...? ။ ကြိုးလေးဖြစ်လာမည့် ကုန်ကြမ်းပစ္စည်းတွေရဲ့ ပင်ကိုယ်
အရည်အသွေးကြောင့်လား...? ။  အဲသလောက်သာရှိတဲ့ ကြိုးကလေးရဲ့ ကြံ့ခိုင်ရေးကို သုံးစွဲသူတွေ သတိထားမိခဲ့ရင် ဒီကြိုးလေးတွေရဲ့ ရေ
ရှည်ဈေးကွက်ဟာ ခိုင်မာတည်မြဲဖို့ ဖြစ်နိုင်ပါ့မလား...? ။ ထုပ်လုပ်ပြီးသွားတဲ့ ကြိုးလေးတွေရဲ့ ရောင်းအားကကောသွက်လက်နိုင်ပါဦးမလား
...? ။ ရင်းနှီးမြုတ်နှံသူရဲ့ အမြတ်အစွန်းအတွက် အာမခံချက်ကကော ရှိနိုင်ပါဦးမလား...? ။  အဲလိုလားပေါင်းများစွာသောအချက်တွေ ကျွန်
တော့်အတွေးထဲကို ဝင်ရောက်လာခဲ့တယ် ။

                       ဒီကြိုးလေးရဲ့ဖြစ်စဉ်မျိုးဟာ မိတ်ဆွေ သူငယ်ချင်းအကန့်မှာဆိုရင်  ဒါမှမဟုတ် ရည်ငံစချစ်သူစုံတွဲ ၊ အိမ်ထောင်တစ်ခု ၊ စီး
ပွားရေးဆိုင်ရာ နယ်ပယ် ၊ အဖွဲ့အစည်းတစ်ခုမှာများ ဖြစ်ခဲ့ရင်ဆိုတဲ့ နောက်ဆက်တွဲအတွေးတွေဟာ ကျွန်တော့်ကို ထ္မင်းစားမေ့သွားစေတဲ့အ
ထိ  တနင်္ဂနွေရဲ့  ညနက်ထဲကို ဆွဲခေါ်သွားခဲ့ပါတော့တယ်........။




                                                                          ဟိန်းစံ(ပဲခူး)

No comments:

Post a Comment