“ မြန်မာ့နှစ်ကူးပွဲ ”
မြန်မာ့နှစ်ကူး သင်္ကြန်ခါ
အားလုံးစုံစွာ ပျော်ကြရွှင်ကြ ။
မကွဲမပြား တို့သဘင်
စုပေါင်းနွှဲဆင် သာလို့ယာလို့ ။
စတုဒိသာ နှစ်ဦးလှူ
ဆန္ဒညီသူ ပြုကြအမြဲ ။
ခြေသည်းလက်သည်း သန့်ရှင်းဖွယ်
ခေါင်းလျှော်ဖို့ကွယ် ဘိုးဘွားဖိတ်ခဲ့ ။
ယဉ်ကျေးမှုနှင့် တို့ရိုးရာ
အမျိုးဘာသာ ထင်ရှား ထင်ရှား ။
နှစ်ဟောင်းညစ်ကြေး ကင်းပါစေ
ဆန္ဒမွန်တွေ တစ်သီတစ်တန်း ။
နှစ်စဉ်မပျက် ကမ္ဘာတည်
မြန်မာ့မူသည် ဟန်နှင့် မာန်နှင့် ။
ပိတောက်ပန်းတို့ တမြိုင်မြိုင်
ငုအခိုင်ခိုင် ကြိုင်ပေါ့လှိုင်ပေါ့ ။
အတာဦးမို့ သည်ချိန်ခါ
သူသူငါငါ လောင်းလိုက်ကြစမ်း ။ ။
အတွဲ ( ၃ ) အမှတ် ( ၄ ) သတင်းကွန်ယက်ဂျာနယ် မလေးရှားတွင်ဖော်ပြပြီး
No comments:
Post a Comment