“ 2012-သင်္ကြန်နှင့် ငါ ”
ငွေနောက် ကြေးနောက်
တကောက်ကောက် လိုက်နေတဲ့ ငါ
နှစ်သစ်ကူးရောက်တာတောင်
သင်္ကြန်ရေ တစ်ပေါက်လောက် ငြိခွင့်မရ........။
ကြမ္မာအရိုင်းကြောင့်
သင်္ကြန်သမိုင်းကို
ငါ မေ့တော့မယ်လို့ပြောရင်
ဒါဟာ တရားခံရှာအပြစ်ယူသလို
ငါ မသမာသူဖြစ်တော့မှာပေါ့.......။
ဥသြသံ ပါးလျလျနဲ့
လှုပ်လှုပ်ရွရွ နေရာရှာ
အတာကူးကြမယ့် ပြည်ပကမြန်မာတို့ရဲ့ သင်္ကြန်
နီစွေးစွေး စိန်းပန်းတွေလည်း မတွေ့
ငုဝါပန်းတွေလည်း မေ့
ပိတောက်ပန်းတွေဆို ခြေသံသွေ့သွေ့တောင် မကြား
အဲသလို အခင်းအကျင်းတွေကြား
ငါလို လူစားအတွက်တော့
ဇီဝိတ ဒါနပြုပွဲဆိုတာ
ကစားစရာလား
စားစရာလားလို့ မေးရတော့မလို...။
ဘာပဲဖြစ်ဖြစ်
ဒီနှစ်သင်္ကြန်နဲ့ လွဲရင်
လာမည့်နှစ် သင်္ကြန်မှာကဲဖို့
ငါ့စိတ် ငါစွဲတင်
ဘယ်ဘက်လက်နဲ့ ညာဘက်ပုခုံးကိုရေပြန်လောင်း
ဒါ 2012 သင်္ကြန်နဲ့ ငါ့ရဲ့အကြောင်း........။ ။
ဟိန်းစံ( ပဲခူး )
ကဲကဲ... စိတ်မညစ်နဲ့ နှစ်ဆန်းတစ်ရက်နေ့ ရေချိုးပေးမယ်
ReplyDelete