“ကိုယ့်ဘဝကို ကိုယ်တိုင်ရှာဖွေခြင်း”
ဧရာမ ကောက်ရိုးပုံထဲက
အပ်တစ်ချောင်းကို ရှာရသလောက်...။
ဘဲဥတစ်လုံးရဲ့
အနားအစကို စူးစမ်းရသလောက်...။
ကမ္ဘာကြီးရဲ့
အခြားတစ်ဘက်က အကြောင်းကို မှန်းစရသလောက်...။
အဆက်မပြတ် စီးဆင်းနေတဲ့ ရေတွေ
ဘယ်ကလာသလဲဆိုတာ တွေးတောရသလောက်...။
စက္ကန့်မလပ် တိုက်ခတ်နေတဲ့
လေရဲ့ ဖြစ်စဉ် ကနဦးကို ထင်ကြေးပေးရသလောက်...။
ငလျင် လှုပ်ခတ်မှုတွေအတွက်
ကျမ်းစာအမျိုးမျိုးနဲ့ သိပ္ပံရှုထောင့်တွေကို အဖြေညှိရသလောက်...။
ထိုးထိုးထောင်ထောင် ဖွင့်ဖြိုးလာတဲ့ ရုပ်ဝတ္ထုခေတ်ထဲ
အဝီစိရောက် ကျုံလီလာတဲ့ စိတ်ဝတ္ထုတွေကို တိုင်းတာရသလောက်...။
အဲဒီ လောက်ပေါင်းများစွာလောက်
မခက်ခဲနိုင်တာ
ကိုယ့် “ဘဝ”ကို ကိုယ်တိုင်ပြန်ရှာဖွေခြင်းပဲ
ယုံကြည်ချက်ထဲမှာတော့
အချိန်ကို ခြွင်းချက်အဖြည့်ထည့်ထားဖို့လိုတယ်....။ ။
No comments:
Post a Comment