“ ရတနာမြေ ”
ရတနာမြေ
တို့ပြည်လော တို့ပြည်လော
ဟုတ်တည်း ငယ်ချင်း ငယ်ချင်း
ဟုတ်တည်း မိတ်ရင်း မိတ်ရင်း
ရတနာဝေ
တို့မြေ တို့ပြည် ။
လယ်မြေမြကွင်း ရွှေအဆင်း
မှည့်ဝင်းလျှံဖြာ ပြည့်ရိက္ခာ
မြန်မာသာတော့တယ် သာတော့တယ် ။
ပဲ, နှမ်း ,ဝါ , ပြောင်း အထွက်ကောင်း
ထပ်လောင်းသီးနှံ ပေါပြည့်လျှံ
အမှန်ပြည့်ဝတယ် ပြည့်ဝတယ် ။
ရေနံကျွန်းသစ် သတ္တုနှစ်
ထွန်းသစ်ရော်ဘာ ရတနာ
မြန်မာစုံပြည့်တယ် စုံပြည့်တယ် ။
ကျောက်မျက်နှင့်စိန် ထွန်းတောက်ထိန်
ဂုဏ်သိရ်မိုးထက် ပြည့်တွင်းထွက်
ဖိတ်လက်ဝေတော့တယ် ဝေတော့တယ် ။
မြန်မာ့ပင်လယ် ရေအောက်နယ်
ရှုဖွယ်သာမော ပုလဲတော
အံ့သြမကုန်တယ် မကုန်တယ် ။
ဘုရားဂူကျောင်း ကန် တန်ဆောင်း
ရှေးဟောင်းအမွေ သာသည့်မြေ
မျိုးဆွေဂုဏ်တင့်တယ် ဂုဏ်တင့်တယ် ။
အဆို အက ရေးတီးကြ
မြန်မာ့ရိုးရာ ဂုဏ်ထယ်ဝါ
ကမ္ဘာသိကြတယ် သိကြတယ် ။
တွေ့ကုန်လော ။
ပြည့်စုံလော ။
မွေ့ထုံလော ။ ။
No comments:
Post a Comment