Wednesday, 16 May 2012

ကဗျာ

                         “ ဘာပြောကြမလဲ ”


နိုင်ငံရေးသမားက  နိုင်ငံရေးအကြောင်းကိုပြောတယ်
စီးပွားရေးသမားက ဈေးကွက်အကြောင်းကိုပြောတယ်
ပညာရေးသမားက အခြေခံပညာကနေ ဒေါက်တာဘွဲ့အထိပြောတယ်
ချမ်းသာသူတွေက နောက်ဆုံးပေါ်ကားနဲ့ လုံးချင်းတိုက်တွေ အကြောင်းကိုပြောတယ်
ဆင်းရဲသားအချို့က“ နေ့ ည” နှစ်နပ်နဲ့ ဖရောင်းတိုင်အကြောင်းကိုပြောတယ်
ဗေဒင်ဆရာက ရှေးဖြစ်နောက်ဖြစ်နဲ့ ဓါတ်ရိုက်ဓါတ်ဆင်ခြင်းအကြောင်းကိုပြောတယ်
နတ်ကတော်က ငှက်ပျောသီး အုန်းသီးနဲ့ တစ်ရာ့တစ်ပါးသော နတ်တွေအကြောင်းကိုပြောတယ်
သမိုင်းပညာရှင်က နိုင်ငံနဲ့ ရုပ်ဝတ္ထုတို့ရဲ့ အတိတ်အကြောင်းကိုပြောတယ်
ရာဇဝင်ဆရာက ခေတ်နဲ့ မင်းအဆက်ဆက်အကြောင်းကိုပြောတယ်
ဂီတသမားက ကီးနဲ့ပါဖောင်းမင့်စ်အကြောင်းတွေကိုပြောတယ်
သရုပ်ဆောင်က ဒရာမာ အက်ရှင် ဟာသနဲ့ ဝင်စားခြင်းအတတ်ပညာအကြောင်းကိုပြောတယ်
စာပေသမားက ဟိုအကြောင်း ဒီအကြောင်း အကုန်လုံးအကြောင်းကိုပြောတယ်
ကဲ.........ခင်ဗျားနဲ့ကျွန်တော်ကကော..............................?        ။       ။








No comments:

Post a Comment