အွန်လိုင်းလင်းရောင်ခြည် စာပေဝိုင်း အဖွဲ့သားများသိစေရန် ကြေငြာအပ်ပါသည် ။
ဤဂရုလေးသည်စာရေးဝါသနာပါသူအချင်းချင်း နှီးနှောဖလှယ်၍ မြန်မာစာပေ အရေးအသားတိုးတက်ပြီး
အနာဂတ်မြန်မာ့စာပေလောကတွင် အင်အားရှိရှိ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည် ။
စည်းကမ်းချက်များ.....
(၁) စာရေးခြင်းကိုစူးနစ်စွာဝါသနာပါ၍ တစိုက်မတ်မတ်ရေးသာနေသူဖြစ်ပြီး
အတိုင်းအတာ တစ်ခုအထိ ရည်ရွယ်ချက်ရှိရမည် ။
(၂) မည်သည့်စာပေအမျိုးအစားကိုမဆို ရေးသားတင်ပြခွင့်ရှိသည်။
(၃) အကောင့်တစ်ခုကိုတစ်ပါတ်လျှင် ကဗျာနှင့် စကားပြေ တစ်ပုဒ်စီသာ ရွေး၍တင်နိုင်သည်။
(၄) ဖြစ်နိုင်လျှင်အကောင့်နာမည်ကို ကလောင်နာမည်နှင့်သာ ၀င်စေလိုပါသည်။
(အဖွဲ့သားချင်းကလောင်အမည်နှင့်သာရင်းနှီးစေလိုသောဆန္ဒကြောင့်ဖြစ်ပါသည်။
(၅) မိမိ၏စာကို သူတစ်ပါးအားဖတ်စေချင်သလို မိမိကလည်း သူတစ်ပါး၏စာများကိုဖတ်ပြီး
ထင်မြင်သလို ပြောဆိုဝေဖန်ပေးရပါမည်။
(၆) ဆွေးနွေးဝေဖန်ခြင်းကို နွေးထွေးစွာလက်ခံပေးရပါမည်။
(ရ) ဂရုချက်ဘောက်အတွင်း ၀င်ရောက်ပြောဆိုခြင်း၊ ကွန့်မန့်ပေးခြင်း၊ စာမူတင်ခြင်းစသော
လှုပ်ရှားမှုများတစ်လလုံးလုံး ဘာတစ်ခုမှမမြင်ရသောအကောင့်အား ထုတ်ပယ်ပစ်ပါမည်။
( မထိုင်နိုင်လျင် မထိုင်နိုင်သည့်အကြောင်း ဂရုတွင် စာရေး၍ပြောခဲ့စေလိုပါသည် ။ )
(ဂ) ကိုယ်တိုင်မဟုတ်သော စာမူများကိုတင်ပါက ရေးသားသူ၏ကလောင်အမည်ကိုတိကျစွာ
တင်ပေးရပါမည်။ ( မှတ်ချက် ။ ။ ဗဟုသုတ ထိရောက်စေသော စာပေအားသာ စာဖတ်
နိုင်မည့်အချိန်အားငဲ့၍ တင်ပေးစေလိုပါသည် ။ အဖွဲ့သားအားလုံး၏တင်သော စာမူများကို
အဖွဲ့သားအားလုံးမှ အပြန်အလှန်ဖတ်ပြီး ဆွေးနွေးဝေဖန်နိုင်ရေးကို အလေးထားသောကြောင့်
ဖြစ်ပါသည် ။ )
(၉) လင့်များနှင့်မတင်ရပါ။ (မပွင့်သောနေရာများရှိနေသောကြောင့်ဖြစ်ပါသည်။)
(၁၀) လိုအပ်သလိုထုတ်ပြန်သောစည်းကမ်းချက်များကိုလိုက်နာရပါမည်။
စာမူများတင်မည်ဆိုပါက ဤနေရာတွင် အရင်လေ့လာပါ . . .
https://www.facebook.com/groups/onlinelinnyaungkyi/doc/468436023174439/
.......................................................................................
အနည်းငယ် ပန်ကြားလိုပါသေးသည် ။ ကျွန်တော်တို့၏ ဤ အွန်လိုင်းလင်းရောင်ခြည်
စာပေဝိုင်းဂရုလေးသည် ပြိုင်ပွဲကျင်းပရာ နေရာမဟုတ်သောကြောင့် ဒိုင်ဖြင့် စနေသရဖူကို ဆုံးဖြတ်
ရန် ရည်ရွယ်ချက်မရှိပါခင်ဗျာ ။
စာမူတစ်ပုဒ်တွင် တွေ့ရှိနှစ်သက်လိုက်မိ လွပ်လပ်စွာသုံးသပ်လိုက်မိသော မဲပေးသူများ
၏ အကြိုက်ဖြင့်သာ မဲအများဆုံးရသောစာမူအား စနေသရဖူအဖြစ် ရွေးခြယ်ဆွေးနွေး ဂုဏ်ပြုသွားမှာ
ဖြစ်ပါသည် ။
ဒီဂရုလေးကို စလုပ်ခါစက တစ်ပါတ်လျင်ရင်တစ်ကြိမ် စနေသရဖူ ရွေးပြီးဆွေးနွေးဖလှယ်
ဖို့ဆုံးဖြတ်ခဲ့ကြပါသည် ။ သို့သော်လည်း မြန်မာ့စာပေပုံနှိပ်နယ်နှင့် အွန်လိုင်းဘလော့ရေးသူသူများ စာ
ပေဝါသနာရှင်များ စာပေအနုပညာဖြင့် ဘဝခရီးဆက်လိုသူများ အထိုက်အလျောက် အောင်မြင်ပြီး မ
အောင်းမြင်သေးသူများ အွန်လိုင်းလင်းရောင်ခြည် တွင် တဖြေးဖြေးတိုးပွါးလာခြင်းကြောင့် စာမူရှင်တို့၏
ကဗျာတစ်ပုဒ် စကားပြေတစ်ပုဒ်နှုံးကို အတက်နိုင်ဆုံး ကုန်သလောက်ဖတ်နိုင်ပြီး ဆွေးနွေးနိုင်အောင် နှစ်
ပါတ်တစ်ကြိမ် စနေသရဖူရွေးဖို့ရာ ပြောင်းလဲပြင်ဆင်ခဲ့ပါသည် ။
အွန်လိုင်းလင်းရောင်ခြည် အဖွဲ့ဝင်အားလုံးကို လေးစားလျက်
ဟိန်းစံ(ပဲခူး)
No comments:
Post a Comment