Tuesday, 4 September 2012

ဖြစ်စဉ်

ချူသူမျှားသူတွေများလာတော့
အနာဂတ်တိုင်းရဲရဲဖူးပွင့်ဖို့
သပ္ပုရိသူပနိဿယအဖြစ်ကို
အရေးတကြီး အလျင်အမြန်လိုအပ်လာတယ်
အမြဲတစေ တည်တန့်ကြောင်းဆုတောင်းရင်းနဲ့ပေါ့....။

ကျွန်တော်တို့ ချိတ်ဆွဲလိုက်တဲ့ မျှော်လင့်ခြင်းတွေ
အရှေ့ဘက် မိုးကုက်စက်ဝိုင်းမှာ တောက်ပလာတိုင်း
မင်္ဂလာပါလို့
နှုတ်ခွန်းဆက်ခွင့်လည်း ရပါရစေ....။

ထ္မင်းစားခဲ့တဲ့ ရက်တွေ
အလကားမဖြစ်ချင်ဘူး
ရှင်သန်ခွင့်ရခဲ့တဲ့ အချိန်တွေ
အလကားမဖြစ်ချင်ဘူး
သင်ယူတတ်မြောက်ထားတာတွေ
အလကားမဖြစ်ချင်ဘူး
ပေါင်းသင်းဆက်ဆံဖူးခဲ့တာတွေ
အလကားမဖြစ်ချင်ဘူး
ဒူးနေရာ ဒူး  ပေါင်နေရာ  ပေါင်
ကြည့်ကောင်းအောင် ပြုပြင်ထားတာ မဟုတ်ဘူး
အချိုးအစား နေရာတကျ
ဆက်စပ်ထားတဲ့ ဂေဟစနစ်ကိုပဲ
သဘာဝလို့ သုံးစွဲရတာ....

ဇွတ်အတင်း ကြံစီလို့ ဟန်မညီရင်
ပြန်ဖြေလို့မရတဲ့ စာမျက်နှာဟာ
ကျွန်တော်တို့ရဲ့ ကမ္ဘာမှာ
သက်တော်ရှည်ဖြစ်လိမ့်မယ်.....။   

ကဲ ရော့ဗျာ...
လိုအပ်လာတဲ့အခါ
ခေတ်မီနည်းပညာတွေနဲ့
ဒီနဂ္ဂတစ်ကို ကူးဆေးပုံဖော်ကြည့်ပါ
အဲဒီနေ့က အကြောင်းတွေကို
“အဟောင်း”အတိုင်း ခင်ဗျားတို့ သိနိုင်တယ်....။        ။




                                                                      ဟိန်းစံ ( ပဲခူး )




No comments:

Post a Comment