Tuesday, 4 September 2012

ကမ်းပါးမဲ့မြစ်များ ညောင်ထောက်ပေးကြပါ


အထိန်းအကွပ်များ မျောကျနေတဲ့ အိုင်တီမြစ်ထဲ
တစ်ချို့တစ်ချို့ချောင်းကလေးတွေ လမ်းမသိ
သူတို့တစ်တွေရဲ့ မိုးသောက်ချိန်ဟာ
ကြက်တွန်သံတွေ တိုးတိတ်တယ်
ပဲပြုတ် နံပြား ဆိုတဲ့ တေးသွားကလွှမ်းမိုးလို့
ပဲပင်ပေါက် ပဲပြား ဘဲသွေး ခေါက်ဆွဲ
ဒါလည်း သူတို့လေးတွေရဲ့ ဇာတိမာန် သီချင်းဖြစ်ခဲ့...။

အဲသလိုပဲ
အ မ က ကနေ တက္ကသိုလ် ကောလိပ်အထိ သင်ရိုးစာအုပ်တွေ
ဝါကျဖြည့် ကွပ်လပ် သင်ခန်းစာ ပြယုဂ်ဖြစ်လာကြ
အထူးထုတ်တွေနဲ့ အပြိုင်
စာအုပ်ဆိုင်ကြီးတွေမှာ ရောက်တယ်
ပန်းဆိုးတန်းမှာ ရောက်တယ်
ဈေးတကာ့ ဈေးမှာရောက်တယ်...။

နေရာမနည်းမနောမှာ
အခန်းတွေ တိုးချဲ့ထားလည်း
ဒွန်တွဲပေးမယ့် သံတမန်က
ကိန်းဂဏန်းကြီးတယ်...။

စာအုပ်တွေကို လေ့လာသင်ယူမယ့်သူတွေ
အခန်းထဲကို ရောက်မလာဘူး
အခန်းထဲက စာအုပ်တွေ လမ်းသလား
နားစေတဲ့နေရာမှာ နားကြ
စာအုပ်တွေကိုင်ပြီး အရှေ့က ညွှန်ပြမယ့်သူတွေ
နောက်အခန်း ရိုက်ရဦးမယ်...။

ဧရာဝတီကို အသည်းအသန် ဖြစ်ဖူးကြသလို
ပြိုပျက်နေဆဲ ကမ်းပါးတွေအတွက်
ယဉ်ပါးနေတဲ့ အတတ်များ
ခွဲစိတ်ခန်းမှာထည့်ပြီး ရောဂါကုကြပါ...။

နောက်နှစ်ပေါင်းများစွာ
( ဝါ )..............
ကမ္ဘာ့သက်တမ်းကုန်အထိ
သောင်ထွန်းခြင်းတွေ ပါးလျားလွင့်ပျောက်ပါစေ
ချောင်းကလေးတွေမြစ်ဖြစ်ပါစေ
မြစ်ဖြစ်လာတဲ့ချောင်းကလေးတွေ
လင်းလင်းလတ်လတ် စီးဆင်းခွင့်ရပါစေ.....။    ။



                                                               ဟိန်းစံ ( ပဲခူး )

No comments:

Post a Comment