Tuesday, 4 September 2012
လောကတံလျှပ်
တိုရေရှားရေနဲ့ အနိဋ္ဌာရုံပင်လယ်ထဲ
ဘောင်ဘင်ခတ်နေတဲ့ ဟိုအကြောင်း ဒီအကြောင်းဟာ
သူနဲ့ မဆိုင်သလို ဆိုင်သလို
အဲဒီဘာလိုလိုကပဲ
သူဟာ လောကဖြစ်ကြောင်း ဖွင့်ဖွင့်ပြခဲ့တာ...။
အကျည်းတန်ခြင်း ချောလှခြင်း
ပြည့်စုံခြင်း ချို့တဲ့ခြင်း
တတ်ခြင်း မတတ်ခြင်း
ပိုလျှံခြင်း မလောက်ငခြင်း
အတ္တစိတ် ပရစိတ်
အားလုံးပဲ ယိုယိုဖိတ်ဖိတ်နဲ့
လောကဟာ ဝမ်းစာစုံတယ်....။
ခရီးသွား ဟန်လွှဲလား
ဟန်လွှဲ ခရီးသွားလား
လူးလာတုံ့ခေါက် တစ်ပေါက်ပေါက်ကျနေတဲ့ ဘဝ
ခဏလောက်ဖြစ်ဖြစ် ညှော်နံ့ကင်းတဲ့ ပြဋ္ဌာန်းမှုများ
သူ့ရင်ဘက်မှာကပ်ဖို့ အပူတပြင်းလိုက်ရှာနေတဲ့ လောက....။
တွေ့ပြီ....
တွေ့ပါပြီ....
တရားစွဲစာ
ထုချေစာ
အသနားခံစာ
ဂလိုဘယ် တာဇံတွေ ထိုင်မရ ထမရ
လောက ကတော့ ဒေါမနဿတွေကို ရေစက်ချနေပြီ ။ ။
ဟိန်းစံ(ပဲခူး)
အပြင်စီးမဂ္ဂဇင်း အမှတ် ( ၁၉ ) ဂျူလိုင်လ ၂၀၁၂ မလေးရှားတွင်ဖော်ပြပြီး
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment