Thursday, 11 October 2012
မိုးခြွေလေညင်း
ငါ့နှလုံးသားဟာ
ဥယျာဉ်မဟုတ်ဘူး ။
ငါ့နှလုံးသားဟာ
ရုပ်ရှင်ရုံမဟုတ်ဘူး ။
ငါ့နှလုံးသားဟာ
ကစားကွင်းမဟုတ်ဘူး ။
ငါ့နှလုံးသားဟာ
ရှော့ပင်းမောမဟုတ်ဘူး ။
ငါ့နှလုံးသားဟာ
ဘဝအတွက် လက်တစ်စုံဖြစ်တယ် ။
ငါ့နှလုံးသားဟာ
ကဗျာအတွက် ဘဏ်တစ်ခုဖြစ်တယ် ။
ငါ့နှလုံးသားဟာ
အချစ်အတွက် မွေးကင်းစ ဘီလူးတစ်ကောင်ဖြစ်တယ် ။
အဲဒီနှလုံးသားကို
လေတစ်ချက် တိုးဝှေ့သွားတယ်.............
စိုင်ကလုံးမဟုတ်ဘူး
တိုင်ဖွန်းမဟုတ်ဘူး
နာဂစ်မဟုတ်ဘူး
မာလာမဟုတ်ဘူး
ဒါပေမယ့်
အဲဒီနှလုံးသားရဲ့ နယ်နိမိတ်အစမှာ
ထစ်ထစ်ချုံးချုံး ရွာခဲ့ပြီ
သဲသဲမဲမဲ ရွာတတ်ပြီ
ဆယ့်နှစ်ရာသီလုံး ရွာဦးမည် ။ ။
ဟိန်းစံ ( ပဲခူး )
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment