Saturday, 6 October 2012

အဖြစ်အပျက်များသည်-ထို့ကြောင့်-သို့သော်လည်း-ဆက်လက်၍



မသိလိုက်တာ မဟုတ်ဘူး
မသိချင်ယောင်ဆောင်လိုက်ရတဲ့ အဖြစ်အပျက်တွေ
ပဲကြီးလှော်ကြောင့်လား
ဆားအဖြစ်ကြောင့်လား
ကျွဲနှစ်ကောင်ကြောင့်လား
မြေဇာပင်အဖြစ်ကြောင့်လား
ထန်းသီးက ကြွေအံ့ဆဲဆဲလား
ကျီးရဲ့ အခိုက်အတန့် ခြေတစ်စုံကြောင့်လား
သို့သော်လည်းဆိုတဲ့
စကားရဲ့နောက်မျိုးဆက်ဟာ
လာမယ့်သက္ကရာဇ် တစ်ခုမှာလား
တစ်ခုထက်ပိုတဲ့ အရေအတွက်တွေမှာလား
ခပ်တဲတဲချိတ်မိရုံလား
တိတိကျကျ ချိတ်မိလာမှာလား
ဘာပဲဖြစ်ဖြစ်
သေချာတယ်ဆိုရင်
အဲဒီနေ့မှာ ဝတ်ဖို့
ဟိုတလောက ဝတ်စုံကို ပြန်လျှော်လိုက်ဦးမယ်    ။       ။




                                                                               ဟိန်းစံ ( ပဲခူး )




No comments:

Post a Comment