Saturday, 6 October 2012
အစိမ်းရင့် ဆည်းဆာ
ဂူမမြင်တဲ့ သတိမျိုးနဲ့
ငွေရှာခဲ့ဖူးသူ.............။
အခုတော့ ကိုယ့်စားရိတ်နဲ့ကိုယ်
ကြီးတော်နွားကျောင်းသူတွေကြောင့်ပဲလား...?
ကိုယ်တိုင်က ကြီးတော်နွားဇာတ်ကို ခင်းခဲ့တာကြောင့်လား...?
အုပ်အော် သောင်းနင်းကို ဖြစ်လို့....။
ဒါ
ကျော်တာမဟုတ်ဘူး
ပေါ်လာတာ...။
ကိုယ့်ရဲ့ဆန္ဒဆိုးအတွက်
အမည်များစွာ စွန်းထင်းပြီး
ပေးဆပ်လိုက်ရတဲ့ အနာဂတ်တွေထဲ
မတန်တာတွေ များလွန်းတယ်....။
ကြည့်လေ...
သူစိမ်းပြင်ပြင် ဖြစ်သွားကြတဲ့
မင်းနဲ့ ရင်းနီးသူများစာရင်းရဲ့ ခေါင်းကြီးပိုင်းမှာ
မင်းရဲ့ ရင်သွေးနဲ့ မင်းရဲ့အိမ်ထောင်ဖက်
ပြီးတော့...
မင်းရဲ့ မွေးချင်းနဲ့ အသိုင်းအဝိုင်း
နောက်...
မင်းနဲ့ ပတ်သက်ခဲ့ဖူးသူများ
အားလုံး အားလုံးဟာ
ပစ္စက္ခမှာတော့ စိမ်းသည်ထက် စိမ်းကုန်ပြီ....။
တကယ်ဆိုတော့
နေဝင်စောတဲ့ မင်းအတွက်
မင်းရေးဆွဲခဲ့တဲ့ အတ္ထုပ္ပတ္တိ ပန်းချီကားမှာ
အစိမ်းရောင်တွေကြီး သက်သက်.....။ ။
ဟိန်းစံ ( ပဲခူး )
အတွဲ ( ၃ ) အမှတ် ( ၈ ) စက်တင်ဘာ ၂၀၁၂ သတင်းကွန်ယက်ဂျာနယ် မလေးရှား
Labels:
ခေတ်ပေါ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment