တစ်ခွန်းထဲပျိုးလိုက်ရုံနဲ့
အသံတွေ တစ်ရွက်ပြီးတစ်ရွက် ထွက်ထွက်လာတဲ့အပင်
ဟိုရင်မှာလည်းမြင်တယ်
ဒီရင်မှာလည်းမြင်တယ်
ဖူးလာတဲ့အတွေးတိုင်း
ကိုယ်ပိုင်အခွင့်အရေး ပွင့်ဖတ်လေးတွေကို ဖွင့်ချ
ခယလာမယ့် ရနံ့ဟာ
အတင်းဆိုရင်လည်း ပိုးပဲ
သတင်းဆိုရင်လည်း ပိုးပဲ
ဒီအထဲ
အရှက်မဲ့ အသီးတွေရင့်မှည့်နိုင်အောင်
ကျတ်တီးကုန်းမဟုတ်တဲ့ ဦးဏှောက်မှာ
ဘယ်လိုမြေသြဇာတွေက ကြွယ်ဝခဲ့သလဲ
ဘေးထွက် သယံဇာတ ဆိုးကျိုး
ဟိုအကျိုး
ဒီအကျိုး
ထပ်ထပ်တိုးလာနေတဲ့အခင်း
အရင်းအမြစ်တွေဆိုတာလည်း
မီးခိုးမဆုံး
မိုးမဆုံးဘူး
အလုံးလိုက်ဝင်ရောက်မှုများ
အစိတ်အပိုင်းဝင်ရောက်မှုများ
တုပထားသလို သေသပ်ခြင်းများ
ကလော်သံများ
ဆော်သံများ
အော်သံများ
အားလုံး အားလုံးဟာ
တခုတ်တရလား
အလေ့ကျလား
ကဲ........
အကျိုးအမြတ်အတွက် ရေလောင်းပေါင်းသင်မယ့်သူတွေ ဒီဘက်ကိုလာ
ချိုးဖျက်မယ့်သူတွေလည်း ဒီဘက်ကိုပဲလာပါ ။ ။
ဟိန်းစံ (ပဲခူး )
အသံတွေ တစ်ရွက်ပြီးတစ်ရွက် ထွက်ထွက်လာတဲ့အပင်
ဟိုရင်မှာလည်းမြင်တယ်
ဒီရင်မှာလည်းမြင်တယ်
ဖူးလာတဲ့အတွေးတိုင်း
ကိုယ်ပိုင်အခွင့်အရေး ပွင့်ဖတ်လေးတွေကို ဖွင့်ချ
ခယလာမယ့် ရနံ့ဟာ
အတင်းဆိုရင်လည်း ပိုးပဲ
သတင်းဆိုရင်လည်း ပိုးပဲ
ဒီအထဲ
အရှက်မဲ့ အသီးတွေရင့်မှည့်နိုင်အောင်
ကျတ်တီးကုန်းမဟုတ်တဲ့ ဦးဏှောက်မှာ
ဘယ်လိုမြေသြဇာတွေက ကြွယ်ဝခဲ့သလဲ
ဘေးထွက် သယံဇာတ ဆိုးကျိုး
ဟိုအကျိုး
ဒီအကျိုး
ထပ်ထပ်တိုးလာနေတဲ့အခင်း
အရင်းအမြစ်တွေဆိုတာလည်း
မီးခိုးမဆုံး
မိုးမဆုံးဘူး
အလုံးလိုက်ဝင်ရောက်မှုများ
အစိတ်အပိုင်းဝင်ရောက်မှုများ
တုပထားသလို သေသပ်ခြင်းများ
ကလော်သံများ
ဆော်သံများ
အော်သံများ
အားလုံး အားလုံးဟာ
တခုတ်တရလား
အလေ့ကျလား
ကဲ........
အကျိုးအမြတ်အတွက် ရေလောင်းပေါင်းသင်မယ့်သူတွေ ဒီဘက်ကိုလာ
ချိုးဖျက်မယ့်သူတွေလည်း ဒီဘက်ကိုပဲလာပါ ။ ။
ဟိန်းစံ (ပဲခူး )
No comments:
Post a Comment