Thursday, 29 November 2012
ရွှေမော်ဓောစေတီ ဖူးကြမည်
မြတ်ဗုဒ္ဓ အမွေတော် ။
ရွှေမော်ဓော စေတီမြတ်
ဦးညွတ်ကော်ရော် ။
တို့သွေးချင်း ဆွေအဖော်
ဖူးမျှော်ရန် အရောက်လှမ်း ။
ပြုံးရွှင်ကြည် အကြိုထောက်မယ်
ရောက်ခဲ့ပါစမ်း ။ ။
ရောက်ပါသော် အတူလျှောက်
အံ့လောက်တဲ့ ထိုစေတီ ။
မင်းဆူဆူ လှူဒါန
ဖူးကြရမည် ။
လေ့လာဖို့ စီရရီ
စုံညီသည့် သည်ဘုရား ။
ဗျာဒိတ်ချွေ ကုန်းတော်ထက်မှာ
တင့်လျက်ခံ့ညား ။ ။
ခံ့ညားကာ မားမားမတ်
တလျှပ်လျှပ် ရွှေအရောင် ။
အဓိဋ္ဌာန် ဆုပန်သ
ပြုသမျှအောင် ။
ဘုန်းတော်ရဲ့ ဂုဏ်တန်ဆောင်
မြင့်ခေါင်တဲ့ စေတီထူး ။
ရည်ကုသိုလ် စိတ်ကြည်နူးလို့
ဖူးလှည့်ကြဦး ။ ။
ပဲခူးမြို့ ကျက်သရေ ။
မြတ်ရွှေမော် ဖူးမျှော်ရ
ချမ်းမြထွေထွေ ။
ပန်းသမျှ အနွမ်းပြေ
ဖော်ဆွေတို့ ကုသိုလ်ပွား ။
မြို့အဝင် မြို့အထွက်က
ဖူးရနိုင်သား ။ ။
ခရုလိုလူနှင့်အခြားကဗျာများမှ
ဟိန်းစံ (ပဲခူး )
Labels:
ဂန္ထ၀င်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment